Wednesday, December 31, 2008

နှစ်သိမ့်ဆု

စိတ်ရှိလက်ရှိ ပွင့်ချင်ပေမယ့်
ငါ့အချစ်ကို ရနံ့မပါဘူးလို့ တန်ဖိုးဖြတ်ကြဦးမယ်

တစ်နေကုန် လွှတ်ချမိတာ
ငါ့ကိုယ်ငါ ဖြစ်နေတဲ့အထိ
သတိလက်လွတ် ဆွံ့အ စွာနဲ့ ။

အဲဒီလောက် လွဲလွဲချော်ချော်
နာကျင်ကြေကွဲစွာ ဖြတ်သန်းရင်း
အရည်အသွေးတွေ လျော့ကျခဲ့တာ
အဖြေမှန် ချပြဖို့ ခက်ခဲတိုင်း
မျိုသိပ်ရင်းနဲ့
ဒဏ်ရာက အဆိပ်တက်လာတယ် ။

စိတ်ရှိလက်ရှိ ပွင့်ချင်ပေမယ့်
ငါ့အချစ်ကို ရနံ့မပါဘူးလို့ တန်ဖိုးဖြတ်ကြဦးမယ် ။
ထားပါတော့
အမှတ်ပေးစဉ်းမျဉ်းအရ
နှလုံးသားအဟာရ ချို့တဲ့နေတယ်ဆိုရင်
ငါ့ရဲ့ ကျဆုံးမှုဟာ
ခမ်းနားစရာ မလိုဘူး ။ ။

စိတ်ရှိလက်ရှိ ပွင့်ချင်ပေမယ့်
ငါ့အချစ်ကို ရနံ့မပါဘူးလို့ တန်ဖိုးဖြတ်ကြဦးမယ်

တစ်နေကုန် လွှတ်ချမိတာ
ငါ့ကိုယ်ငါ ဖြစ်နေတဲ့အထိ
သတိလက်လွတ် ဆွံ့အ စွာနဲ့ ။

အဲဒီလောက် လွဲလွဲချော်ချော်
နာကျင်ကြေကွဲစွာ ဖြတ်သန်းရင်း
အရည်အသွေးတွေ လျော့ကျခဲ့တာ
အဖြေမှန် ချပြဖို့ ခက်ခဲတိုင်း
မျိုသိပ်ရင်းနဲ့
ဒဏ်ရာက အဆိပ်တက်လာတယ် ။

စိတ်ရှိလက်ရှိ ပွင့်ချင်ပေမယ့်
ငါ့အချစ်ကို ရနံ့မပါဘူးလို့ တန်ဖိုးဖြတ်ကြဦးမယ် ။
ထားပါတော့
အမှတ်ပေးစဉ်းမျဉ်းအရ
နှလုံးသားအဟာရ ချို့တဲ့နေတယ်ဆိုရင်
ငါ့ရဲ့ ကျဆုံးမှုဟာ
ခမ်းနားစရာ မလိုဘူး ။ ။

Read More...

လွတ်ကျခြင်း

သူမရဲ့ တစ်ဖတ်သတ်စီရင်ခြင်းမှာ
နာကြည်းရကောင်းမှန်း မသိတဲ့
ဒဏ်ရာကို ခဏ ခဏ ခွဲကြည့်မိတယ်

ကျွန်တော်ဟာ သူမအတွက်
မလိုအပ်ဆုံးလူတစ်ယောက်ဖြစ်နေတယ်ဆိုတာ
အလိုအလျှောက် သိလိုက်ရတဲ့ အချိန်မှာ
တဖြည်းဖြည်းနဲ့
ရေဝေးတဲ့ သစ်ပင်လို
တစ်ကိုယ်စာ အရိပ်တောင် အနိုင်နိုင် ။

အချစ်တစ်ခုအတွက်
တစ်ဘ၀စာ မျှော်လင့်ချက်နဲ့
အိပ်မက် မက်ခဲ့တာ
အခုမှ
ကိုယ့်ဖာသာထိုးစိုက်မိတဲ့ ဆူးကို
ရူးသွပ်စွာ ချိုမြိန်ရင်း
သူမရဲ့ တစ်ဖတ်သတ်စီရင်ခြင်းမှာ
နာကြည်းရကောင်းမှန်း မသိတဲ့
ဒဏ်ရာကို ခဏ ခဏ ခွဲကြည့်မိတယ် ။ ။

သူမရဲ့ တစ်ဖတ်သတ်စီရင်ခြင်းမှာ
နာကြည်းရကောင်းမှန်း မသိတဲ့
ဒဏ်ရာကို ခဏ ခဏ ခွဲကြည့်မိတယ်

ကျွန်တော်ဟာ သူမအတွက်
မလိုအပ်ဆုံးလူတစ်ယောက်ဖြစ်နေတယ်ဆိုတာ
အလိုအလျှောက် သိလိုက်ရတဲ့ အချိန်မှာ
တဖြည်းဖြည်းနဲ့
ရေဝေးတဲ့ သစ်ပင်လို
တစ်ကိုယ်စာ အရိပ်တောင် အနိုင်နိုင် ။

အချစ်တစ်ခုအတွက်
တစ်ဘ၀စာ မျှော်လင့်ချက်နဲ့
အိပ်မက် မက်ခဲ့တာ
အခုမှ
ကိုယ့်ဖာသာထိုးစိုက်မိတဲ့ ဆူးကို
ရူးသွပ်စွာ ချိုမြိန်ရင်း
သူမရဲ့ တစ်ဖတ်သတ်စီရင်ခြင်းမှာ
နာကြည်းရကောင်းမှန်း မသိတဲ့
ဒဏ်ရာကို ခဏ ခဏ ခွဲကြည့်မိတယ် ။ ။

Read More...

လ ရောင် ဆာတဲ့ မြစ်

နွေးထွေး ချွန်ထက်
အလင်္ကာလက်ချောင်းကလေးတွေနဲ့
နှလုံးသားကို ဟင်းလင်းပြင်ဖွင့်ခဲ့တဲ့ ကောင်မလေး

ငါ့ရဲ့ သာယာမှုလား
ချစ်သူရဲ့ ပဉ္စလက်လား
တစ်ခုခုကတော့ မှားနေပြီ ။

နွေးထွေး ချွန်ထက်
အလင်္ကာလက်ချောင်းကလေးတွေနဲ့
နှလုံးသားကို ဟင်းလင်းပြင်ဖွင့်ခဲ့တဲ့ ကောင်မလေး
နာကျင်ချိုမြိန်
ကျိန်စာကို မျိုချခဲ့သူက ငါ
အခုတော့
သေရာပါ ဒဏ်ရာတွေနဲ့
အချိန်မှန် ဖျားတတ်နေပြီ ။

ပြီးတော့
တမ်းတ တွေဝေ
သက်ပြင်းရှည် အခါခါချရအောင်
ငါ့ရဲ့နားထဲကို
နယူတန်ရဲ့ သီဝရီ လောင်းထည့်ပေးခဲ့ ။

လွဲချင်တော့
ချစ်တယ်ဆိုတာ တစ်ခုတည်းနဲ့ပဲ
လမ်းလွဲကြီးမှာ ငုတ်တုတ်ထားခဲ့တာတောင်မှ
ချစ်သူ ပြန်လာမှာပါ လို့
ငါက
လှေနံ ဓားထစ် မှတ်တုန်း ။ ။

နွေးထွေး ချွန်ထက်
အလင်္ကာလက်ချောင်းကလေးတွေနဲ့
နှလုံးသားကို ဟင်းလင်းပြင်ဖွင့်ခဲ့တဲ့ ကောင်မလေး

ငါ့ရဲ့ သာယာမှုလား
ချစ်သူရဲ့ ပဉ္စလက်လား
တစ်ခုခုကတော့ မှားနေပြီ ။

နွေးထွေး ချွန်ထက်
အလင်္ကာလက်ချောင်းကလေးတွေနဲ့
နှလုံးသားကို ဟင်းလင်းပြင်ဖွင့်ခဲ့တဲ့ ကောင်မလေး
နာကျင်ချိုမြိန်
ကျိန်စာကို မျိုချခဲ့သူက ငါ
အခုတော့
သေရာပါ ဒဏ်ရာတွေနဲ့
အချိန်မှန် ဖျားတတ်နေပြီ ။

ပြီးတော့
တမ်းတ တွေဝေ
သက်ပြင်းရှည် အခါခါချရအောင်
ငါ့ရဲ့နားထဲကို
နယူတန်ရဲ့ သီဝရီ လောင်းထည့်ပေးခဲ့ ။

လွဲချင်တော့
ချစ်တယ်ဆိုတာ တစ်ခုတည်းနဲ့ပဲ
လမ်းလွဲကြီးမှာ ငုတ်တုတ်ထားခဲ့တာတောင်မှ
ချစ်သူ ပြန်လာမှာပါ လို့
ငါက
လှေနံ ဓားထစ် မှတ်တုန်း ။ ။

Read More...

ဖြောင့်ချက်

အဲဒီလို ချစ်လှစွာ ကြေကွဲခဲ့တဲ့
ဝေဒနာဝတ်င်္စုသစ်တွေ


ပြတင်းဝကို မျက်နှာအပ်ပြီး
မျက်ဝန်းမှာ
ဝမ်းနည်းခြင်းတွေ စိတ်ရှိလက်ရှိ စိုစွတ်ပစ်လိုက်တယ် ။

ချစ်သူ . . .
ငါက အမြဲတမ်း ရေမရှိတဲ့ ချောင်းတစ်စင်းပါ ။
မင်းအတွက် ရေကြည်ရာ မြက်နုရာ
ကန္တာရ ခြားထားတယ် ။

ငါ့ရှေ့မှာ ၀ါကြန့်ကြန့်ဖြစ်ရပ်တွေကလည်း
ရာသီဦးမှာ တဖွဲဖွဲကြွေကျခဲ့ ။

စီးကရက်တစ်လိပ်လို လောင်မြိုက်နေပြီး
ဘ၀ကို ပြာဖြစ်ဖို့ စောင့်ကြည့်မိတဲ့အထိ
မိုက်မဲမိတဲ့ ကောင်ပါ ။

အခုလည်း ခြေရာနဲ့လိုက်ဖက်မှုမရှိတဲ့ ခရီးအတွက်
ထီးတစ်လက်ဖြစ်မလာနိုင်တဲ့ မင်းကို
အတူတူလျှောက်ဖို့ မျှော်လင့်မိတုန်း ။

အဲဒီလို ချစ်လှစွာ ကြေကွဲခဲ့တဲ့
ဝေဒနာဝတ်င်္စုသစ်တွေ
ငါ မင်းကို လွမ်းနာကျတိုင်း
ရင်ဘတ်မှာ ကပ်မိတယ်ဆိုတာ
ဝန်ခံပါတယ် ။ ။

အဲဒီလို ချစ်လှစွာ ကြေကွဲခဲ့တဲ့
ဝေဒနာဝတ်င်္စုသစ်တွေ


ပြတင်းဝကို မျက်နှာအပ်ပြီး
မျက်ဝန်းမှာ
ဝမ်းနည်းခြင်းတွေ စိတ်ရှိလက်ရှိ စိုစွတ်ပစ်လိုက်တယ် ။

ချစ်သူ . . .
ငါက အမြဲတမ်း ရေမရှိတဲ့ ချောင်းတစ်စင်းပါ ။
မင်းအတွက် ရေကြည်ရာ မြက်နုရာ
ကန္တာရ ခြားထားတယ် ။

ငါ့ရှေ့မှာ ၀ါကြန့်ကြန့်ဖြစ်ရပ်တွေကလည်း
ရာသီဦးမှာ တဖွဲဖွဲကြွေကျခဲ့ ။

စီးကရက်တစ်လိပ်လို လောင်မြိုက်နေပြီး
ဘ၀ကို ပြာဖြစ်ဖို့ စောင့်ကြည့်မိတဲ့အထိ
မိုက်မဲမိတဲ့ ကောင်ပါ ။

အခုလည်း ခြေရာနဲ့လိုက်ဖက်မှုမရှိတဲ့ ခရီးအတွက်
ထီးတစ်လက်ဖြစ်မလာနိုင်တဲ့ မင်းကို
အတူတူလျှောက်ဖို့ မျှော်လင့်မိတုန်း ။

အဲဒီလို ချစ်လှစွာ ကြေကွဲခဲ့တဲ့
ဝေဒနာဝတ်င်္စုသစ်တွေ
ငါ မင်းကို လွမ်းနာကျတိုင်း
ရင်ဘတ်မှာ ကပ်မိတယ်ဆိုတာ
ဝန်ခံပါတယ် ။ ။

Read More...

ဘာမှမလိုဘူး

ကုန်ကုန်ပြောမယ်
ငါ့ကိုယ်ငါတောင်
မင်းရှိနေတာလောက် မလိုဘူး

အိပ်မက်နဲ့ညရေးက အစပ်အဟပ်မတည့်ဘူး
အလွမ်းက ခေါင်းထောင် ထ လာတယ် ။

ငါ့ကိုယ်ငါ
ထမင်းမေ့ ဟင်းမေ့ မေ့နေသလိုတစ်လျှောက်လုံး
မင်းဆီမှာ ရှိနေတဲ့ ငါ့အတွေးတွေ
တစ်ခေါက်တစ်ခါမှ ပြန်မလာဘူး ။

နေ့ရော ညပါ ဒီစိတ်နဲ့
မင်းကိုချစ်တဲ့ အမှတ်တံဆိပ်မှာ
ကျန်တာ ဘာမှမလိုဘူး ။

ကုန်ကုန်ပြောမယ်
ငါ့ကိုယ်ငါတောင်
မင်းရှိနေတာလောက် မလိုဘူး ။ ။

ကုန်ကုန်ပြောမယ်
ငါ့ကိုယ်ငါတောင်
မင်းရှိနေတာလောက် မလိုဘူး

အိပ်မက်နဲ့ညရေးက အစပ်အဟပ်မတည့်ဘူး
အလွမ်းက ခေါင်းထောင် ထ လာတယ် ။

ငါ့ကိုယ်ငါ
ထမင်းမေ့ ဟင်းမေ့ မေ့နေသလိုတစ်လျှောက်လုံး
မင်းဆီမှာ ရှိနေတဲ့ ငါ့အတွေးတွေ
တစ်ခေါက်တစ်ခါမှ ပြန်မလာဘူး ။

နေ့ရော ညပါ ဒီစိတ်နဲ့
မင်းကိုချစ်တဲ့ အမှတ်တံဆိပ်မှာ
ကျန်တာ ဘာမှမလိုဘူး ။

ကုန်ကုန်ပြောမယ်
ငါ့ကိုယ်ငါတောင်
မင်းရှိနေတာလောက် မလိုဘူး ။ ။

Read More...

မာယာ

မုန်တိုင်းအကြို လေပြည်မျိုးနဲ့

မာယာ
နောက်ဆုံးရှေ့က ညနေ
မုန်တိုင်းအကြို လေပြည်မျိုးနဲ့
ငြိမ်သက်ခြင်း တစ်စွန်းတစ်စ
ထိန်ဝှက်ခြင်း ပြင်းပြင်းပျပျ
ငါလည်း . . .
မာနအထုပ်အပိုးတွေ
ပြင်ဆင်ပြီး
အတ္တခရီးနှင်တော့မလို့
နှလုံးသားကို လက်စတုံး
အောင်ပွဲရတဲ့ စစ်ဘုရင်အပြုံးလို . . .
အသုံးချဗေဒရဲ့ မောဟတွေကို
အထက် အောက် ဆင်တူ
ဝတ်ဆင်ထားရဲ့ . . .
နှလုံးအိမ်ရဲ့
အကာများ
အခင်းများ
အမိုးများ
နားမရှိတဲ့ နံရံများဆီ
အလုအယက် ပြေးကပ်
အားလုံးပဲ . . .
ဟန်ဆောင် နှုတ်ဆက်လိုက်ကြ . . . ။ ။

မုန်တိုင်းအကြို လေပြည်မျိုးနဲ့

မာယာ
နောက်ဆုံးရှေ့က ညနေ
မုန်တိုင်းအကြို လေပြည်မျိုးနဲ့
ငြိမ်သက်ခြင်း တစ်စွန်းတစ်စ
ထိန်ဝှက်ခြင်း ပြင်းပြင်းပျပျ
ငါလည်း . . .
မာနအထုပ်အပိုးတွေ
ပြင်ဆင်ပြီး
အတ္တခရီးနှင်တော့မလို့
နှလုံးသားကို လက်စတုံး
အောင်ပွဲရတဲ့ စစ်ဘုရင်အပြုံးလို . . .
အသုံးချဗေဒရဲ့ မောဟတွေကို
အထက် အောက် ဆင်တူ
ဝတ်ဆင်ထားရဲ့ . . .
နှလုံးအိမ်ရဲ့
အကာများ
အခင်းများ
အမိုးများ
နားမရှိတဲ့ နံရံများဆီ
အလုအယက် ပြေးကပ်
အားလုံးပဲ . . .
ဟန်ဆောင် နှုတ်ဆက်လိုက်ကြ . . . ။ ။

Read More...

Sunday, December 28, 2008

သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းစရာမလို
“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”


မှော်ဆရာရေ . . .
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
ဝိညာဉ်ကို ကောနဲ့ကပ်ပြီး
လူဖြစ်အောင် . . . ငါ အသက်သွင်းဖူးတယ် ။

မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း သူ . . . ချောင်းဆိုးဖူးတယ် ။

သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းစရာမလို
“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”

သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲက . . . ည . . .
အားလုံးကို သူ . . . အပိုင်ရတယ် . . . ။

ပထမတော့ . . .
“လ”ကို ခိုစီး
ကောင်းကင်ကြီးနဲ့ တွဲက
စက္ကူဂစ်တာတစ်လက် ပိုက်ပြီး
ပျော်လိုက်ရတာ . . . ။

နောက်မှ
စကြာဝဠာရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲ ခုန်ချ
သူ . . . ဘယ်ဆီ ကျသွားသလဲ ။

ကဲ . . . မှော်ဆရာ . . .
အပိုင်းပိုင်းအတစ်တစ်
သက္ကရာဇ်တို့ မပြိုခင်မှာ . . .
“သုည”တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ဆီ ဆက်ပေးပါ . . . ။

သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းစရာမလို
“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”


မှော်ဆရာရေ . . .
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
ဝိညာဉ်ကို ကောနဲ့ကပ်ပြီး
လူဖြစ်အောင် . . . ငါ အသက်သွင်းဖူးတယ် ။

မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း သူ . . . ချောင်းဆိုးဖူးတယ် ။

သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းစရာမလို
“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”

သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲက . . . ည . . .
အားလုံးကို သူ . . . အပိုင်ရတယ် . . . ။

ပထမတော့ . . .
“လ”ကို ခိုစီး
ကောင်းကင်ကြီးနဲ့ တွဲက
စက္ကူဂစ်တာတစ်လက် ပိုက်ပြီး
ပျော်လိုက်ရတာ . . . ။

နောက်မှ
စကြာဝဠာရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲ ခုန်ချ
သူ . . . ဘယ်ဆီ ကျသွားသလဲ ။

ကဲ . . . မှော်ဆရာ . . .
အပိုင်းပိုင်းအတစ်တစ်
သက္ကရာဇ်တို့ မပြိုခင်မှာ . . .
“သုည”တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ဆီ ဆက်ပေးပါ . . . ။

Read More...

ဆရာတာရာမင်းဝေရဲ့ ကဗျာပါ

ချစ်ခြင်းမေတ္တာဟာ
မှော်ဆရာတစ်ယောက်ရဲ့ နိဂုံးလို


အခုလို . . .
လှပအေးစက်နေတဲ့ညမှာပဲ
ငါ . . . ပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောတ်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုး ပြောကြားလိုက်တယ်။

ချစ်ခြင်းမေတ္တာဟာ
မှော်ဆရာတစ်ယောက်ရဲ့ နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလား . . . လို့
နှုတ်ခမ်းကိုက်ပြီး . . . ငါ စဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကို ပြုစားဖို့
အဘယ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ . . .
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်တယ်။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ . . . အရက်တစ်ခွက်
ခုမှ . . . စံပယ်ရွက်တွေပေါ် မူးလဲ
အသည်းကွဲတယ် . . . ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့ . . . သွေးမဲ့ဒဏ်ရာတစ်ချက်ပါ။

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို စိုးမိုးထားတယ်။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့ . . . မျက်ဝန်းစိမ်းတွေထဲမှာ
ငါ . . . ဘယ်လိုမှ မေ့လို့မရတဲ့
မဟာလင်္ကာ တစ်ပိုင်းတစ်စ . . . ရှိနေလေရဲ့ . . . ။

အဲဒီလိုနဲ့ပဲ
ငါ . . . ပြန်လည်ချည်နှောင်ခဲ့ပါ့မယ် . . .
ချစ်သော . . . ဖဲကြိုးဝါလေးရယ် . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . . ။
အရှေ့လေတွေ တိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့မြရာပင်အိုကြီးဟာ
တုန်ရင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် . . . ။

ကျောင်းတော်ရဲ့စည်းအပြင်
နှောင်းရိပ်တွေ တလွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ . . .
နင့်အကြောင်း . . . ခေါင်းစဉ်များစွာပါပဲ ။

ထိပ်ထားရယ် . . .
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ . . . ပြန်ဆုံတွေ့ကြရင် . . .
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ် . . . ။

ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင်းမိုရ်တောင်ကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့ . . .
ဒါပေမယ့် . . .
လေပွေလမ်းကြောင်းများမှာ
တုန်ဝါဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ ပြန်ပေးနိုင်ခဲ့သူ . . . ။

ငါ့ကိုသတ် . . . ငါ့ရင်ဘတ်ကို ထိုးခွဲ ဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ် ။


ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့် ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ . . .
တေလေပီသစွာ . . . ငါနေတယ် ။

တိတ်ဆိတ် . . . ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
“ . . . ” ကို ချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် . . . ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ . . . ။

“အုံ့ပုန်းချစ်” သီချင်းကို
မဆိုချင်ပဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ . . . လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက . . .
ငါ့ကို ပြောပြတယ် ။

အဲဒီလိုနဲ့ . . .
မိုးကိုဆန့်မြှောက်ထားတဲ့
မမိနိုင်သော ကမ်းလက်တွေဟာ
ဟိုး . . . အရင်တုန်းကလိုပဲ
ငါ့ဆီမှာ . . . မြေမှုန်တွေ စွန်းထင်းလျှက်ပါပဲလေ ။

လူဆိုတာ . . .
လင်းဝေစိမ်းမြနေတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို . . . ပိုသတိရတတ်တယ် . . . ။

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့ သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ ။

တစ်ကယ်တော့ . . . အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ် ။


ဟိုးငယ်ငယ် . . . ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ် ။

ငါ . . . သတ္တိကောင်းကင်မှာ . . . နီလွင်ထစ်ချုန်း
တစ် . . .
နှစ် . . .
သုံး . . .
အနက်ရှိုင်းဆုံး ထိုးကျယ်ပစ်လိုက်တယ် . . . ။

ထူးလှတော့တယ်တော့လည်း မဟုတ်ပါဘူးလေ . . .
ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဖွား” ဖြစ်ချင်ခဲ့တာကိုး . . . ။

မြောက်လေသွေးတိုင်း
မွှေးမြတဲ့ မျက်ရည်နံ့တွေ
လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ
ခုထက်ထိ သင်းပျံ.ဆွတ်ပေနေတယ်ဆိုတာ
ဘယ်သူကများ . . . မျှဝေခံစားခဲ့သလဲ . . . ။

အိမ်အပြန် ညများစွာမှာ
ဘယ်သူ့မှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကို . . . “လူမိုက်” လို့ ပြန်ခေါ်ခဲ့ရတယ် ။

၂၀၀၀ . . . ၂၀၀၆
ငါ့ကဗျာလေးတွေ ဆွေးမြည့်ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ် . . . ။

နှင်းမျှားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ ပုံပြင်
မမြင်ဘူးသော နေ့များ . . . ညများ
ပိတောက်ကိုင်းဖျားမှာ . . . ၀ပ်တွား စုရုံး
ငါ့ကို . . . ချည်ထုံးခဲ့တာ . . .
(ခု . . . အချိန်တိုင်အောင် . . . )
အလင်းစိမ်းတွေ ရစ်ဖွာလို့ . . . ။

မြို့ပြလမ်းတွေက တွေ့ခဲ့ဖူးတဲ့ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို . . .
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားနိုင်ခဲ့ပြီ . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ . . . ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ ။

ထိပ်ထားရယ် . . .
ဖြစ်နိုင်မယ်ဆိုရင် . . .
ဂန္တ၀င် ပန်းပုရပိုဒ်မှာ . . .
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီ သီကုံးပေးချင်တယ် . . . ။

နင့်အပေါ်ထားတဲ့ . . . ငါ့ရဲ့ ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကို ဦးမော့ပြီး
ဝင်းပစွာ . . . လင်းမြတုန်ခါနေတဲ့ . . .
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ . . . ။

ကျောင်းရှေ.က စံပယ်ရုံမှာ
ဗီးနပ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ . . .
လမင်းလေး သာခဲ့ဖူးတယ် . . . ။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ . . . ဖြေမပြေသူလေး အထ္ထုပတ္တိ
မြရာပင်ကြီး သိပါတယ် . . . ။

ကမ္ဘာဦးလူသားတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှိကြီးများရယ် . . .
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး . . . ။

“ချစ်သူကိုတောင် ချစ်တယ် လို့ မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့ . . . ထိုသို့ဖြင့် စကားမဲ့စေသတည်း ”
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက် လန့်ပျံသွားတယ် . . . ။

ချို့တဲ့သောဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့
ချစ်သူ့အတွက် ပန်းသစ္စာ
ဪ . . . ငါ့ကိုလေ
နားလည်ပါ . . . နားလည်ပါ
နားလည်စမ်းပါ . . . ။

အဲဒီနေ့ရက်တွေမှာ မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချက်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်း ကကြိုးတို့ကို ပြင်လို့ “သ” လို့ နေခဲ့ပေါ့ ။

ဘာပဲပြောပြော
ရွှေနဲ့ စပ်ဝယ်လို့မရတဲ့
နောက်ဆုံးက လူတွေရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေ ကပ်ပါနေလေရဲ့
ငါ . . . ဘာကိုမှ မကြောက်ခဲ့ဘူး ။

ဟောဒီလောကတောက်လျှောက်
ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညက မြတ်တယ်တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ် . . . ။

မင်းကတော့ . . . ဘာလဲ လို့
အန္ဓတွေက ၀ိုင်းမေးတော့
၁ . . . ၂ . . . ၃ . . . ၄ . . . ၅ . . .
ငါ . . . အကုန်စဉ်းစားတယ် . . . ၆ . . . ၇ . . . ၈ . . . ၉ . . . ဝ
တစ်ခုမှ မဟုတ်ဘူး . . . ငါ့အတွက် ဂဏန်းမရှိဘူး . . . ။

သွေးနဲ့ ယက်တဲ့ ကတ္တီပါစလို နီလွှရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့ နှလုံးသားဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း . . . ငါ ဂစ်တာတီးနေမယ် ။

ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘ၀ကဓားနဲ့ ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ် . . . ။


ထိပ်ထားရေ . . .
ထိပ်ထားရေ . . .
ထိပ်ထားရေ . . .
သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်မှာ
ငါ . . . လယ်သမားဖြစ်ချင်တယ်
နင် . . . ဘုရင်မ . . . လာမလုပ်ရဘူးနော် ။

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးခွင့်မပါလို့
ရွာဇနပုဒ်ရဲ့ မိုးရေထဲမှာ
ငါ . . . တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ် . . . ။

ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့ နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာခဲ့ရင်
ဒုတိယအရာကို ငါ . . ငြင်းတယ် . . . ။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့ ငါ့ရဲ့ကံ့ကော်ရွက်ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း မြေမြိုခံခဲ့ရတာ . . .
ကာလများစွာ . . . ကြာပြီကောလေ . . . ။

တောင်ညိုမှာ ပြိုတဲ့မိုးတွေ
နင့်မျက်နှာလေးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ် . . . ။

ဟေး . . . ငါပြောမယ် . . .
အက်ဆစ်တိမ်ခိုး . . . တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း မိုးကြမ်းတို့ တစ်စက်စက်ရွာပါ . . . ။

မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါပဲ . . .
ခွဲခွါခြင်းဟာ ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ ချိန်ရွယ်မောင်းဖြုတ်လိုက်တယ် . . . ။

သက်ပြင်းဝေေ၀ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့ ချောက်ချားဖွယ်ရာ စကားမဲ့ည
ငါဟာ . . . ထက်ပိုင်းချိုးခံခဲ့ရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲဖြစ်တယ် . . . ။

အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက
မြေကို ရှိခိုး . . .
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့ ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ် ။

အခင်ဆုံးမဖြစ်ခဲ့ပေမယ့်
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ . . . မရောက် ရောက်အောင်သွားမယ် . . . ။

ပြီးတော့
ခရိုခရိုင် လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကို . . . ပြန်လည်ဖန်ဆင်းပစ်မယ် . . . ကွယ် ။

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့ ပြန်မလာတဲ့သူကို သိကြဖို့ကောင်းတယ် . . . ။

လေညှင်းလေးရေ
ငါချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်လေးတွေ ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခိုက်ပေးပါ . . . ။

လေစီးထဲမှာ ဖွာကြဲလှပနေရှာမယ့်
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦး . . . နော် . . . ။

အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့ ငါ့အတွက် . . .
အညတရမိုး . . . ရေ . . . နေပါစေတော့ ။

အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ” က အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလဲမီ “ည” . . . ဖြစ်တယ် ။

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုး စောင့်ရှောက်ချင်တဲ့ လူငယ်
ခု . . . ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .

တေလေဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ် လက်ဆွဲ
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ် ။

ထိပ်ထားရေ . . .
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင် . . . ထာဝစဉ် ချမ်းမြေ.စေသား
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ . . .
ငါ . . . ဆုတောင်းပေးနေမယ် . . . ။

ပန်းခူးရင်း . . .
သူငယ်ချင်းတွေနဲ့နေရင်း . . .
စကားပြောရင်း . . .
သီချင်းလေးတွေ ဆိုရင်း . . .
မင်း . . . ငါ့ကို . . . မေ့သွားမှာလား ? ။

ချစ်ခြင်းမေတ္တာဟာ
မှော်ဆရာတစ်ယောက်ရဲ့ နိဂုံးလို


အခုလို . . .
လှပအေးစက်နေတဲ့ညမှာပဲ
ငါ . . . ပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောတ်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုး ပြောကြားလိုက်တယ်။

ချစ်ခြင်းမေတ္တာဟာ
မှော်ဆရာတစ်ယောက်ရဲ့ နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလား . . . လို့
နှုတ်ခမ်းကိုက်ပြီး . . . ငါ စဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကို ပြုစားဖို့
အဘယ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ . . .
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်တယ်။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ . . . အရက်တစ်ခွက်
ခုမှ . . . စံပယ်ရွက်တွေပေါ် မူးလဲ
အသည်းကွဲတယ် . . . ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့ . . . သွေးမဲ့ဒဏ်ရာတစ်ချက်ပါ။

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို စိုးမိုးထားတယ်။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့ . . . မျက်ဝန်းစိမ်းတွေထဲမှာ
ငါ . . . ဘယ်လိုမှ မေ့လို့မရတဲ့
မဟာလင်္ကာ တစ်ပိုင်းတစ်စ . . . ရှိနေလေရဲ့ . . . ။

အဲဒီလိုနဲ့ပဲ
ငါ . . . ပြန်လည်ချည်နှောင်ခဲ့ပါ့မယ် . . .
ချစ်သော . . . ဖဲကြိုးဝါလေးရယ် . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . . ။
အရှေ့လေတွေ တိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့မြရာပင်အိုကြီးဟာ
တုန်ရင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ် . . . ။

ကျောင်းတော်ရဲ့စည်းအပြင်
နှောင်းရိပ်တွေ တလွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ . . .
နင့်အကြောင်း . . . ခေါင်းစဉ်များစွာပါပဲ ။

ထိပ်ထားရယ် . . .
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါ . . . ပြန်ဆုံတွေ့ကြရင် . . .
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ် . . . ။

ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး
မြင်းမိုရ်တောင်ကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့ . . .
ဒါပေမယ့် . . .
လေပွေလမ်းကြောင်းများမှာ
တုန်ဝါဖျော့အေး
“သစ္စာ”ကို ပဲ့တင်သံနဲ့ ပြန်ပေးနိုင်ခဲ့သူ . . . ။

ငါ့ကိုသတ် . . . ငါ့ရင်ဘတ်ကို ထိုးခွဲ ဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ် ။


ဝိုင်ယာကြိုးတွေ
“ထောင်း”ခနဲ မီးပွင့် ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
“အန္ဓ”တို့ရဲ့ အိမ်အိုမှာ . . .
တေလေပီသစွာ . . . ငါနေတယ် ။

တိတ်ဆိတ် . . . ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
“ . . . ” ကို ချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် . . . ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ . . . ။

“အုံ့ပုန်းချစ်” သီချင်းကို
မဆိုချင်ပဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ . . . လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက . . .
ငါ့ကို ပြောပြတယ် ။

အဲဒီလိုနဲ့ . . .
မိုးကိုဆန့်မြှောက်ထားတဲ့
မမိနိုင်သော ကမ်းလက်တွေဟာ
ဟိုး . . . အရင်တုန်းကလိုပဲ
ငါ့ဆီမှာ . . . မြေမှုန်တွေ စွန်းထင်းလျှက်ပါပဲလေ ။

လူဆိုတာ . . .
လင်းဝေစိမ်းမြနေတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို . . . ပိုသတိရတတ်တယ် . . . ။

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့ သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ ။

တစ်ကယ်တော့ . . . အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ် ။


ဟိုးငယ်ငယ် . . . ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ် ။

ငါ . . . သတ္တိကောင်းကင်မှာ . . . နီလွင်ထစ်ချုန်း
တစ် . . .
နှစ် . . .
သုံး . . .
အနက်ရှိုင်းဆုံး ထိုးကျယ်ပစ်လိုက်တယ် . . . ။

ထူးလှတော့တယ်တော့လည်း မဟုတ်ပါဘူးလေ . . .
ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဖွား” ဖြစ်ချင်ခဲ့တာကိုး . . . ။

မြောက်လေသွေးတိုင်း
မွှေးမြတဲ့ မျက်ရည်နံ့တွေ
လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ
ခုထက်ထိ သင်းပျံ.ဆွတ်ပေနေတယ်ဆိုတာ
ဘယ်သူကများ . . . မျှဝေခံစားခဲ့သလဲ . . . ။

အိမ်အပြန် ညများစွာမှာ
ဘယ်သူ့မှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကို . . . “လူမိုက်” လို့ ပြန်ခေါ်ခဲ့ရတယ် ။

၂၀၀၀ . . . ၂၀၀၆
ငါ့ကဗျာလေးတွေ ဆွေးမြည့်ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ် . . . ။

နှင်းမျှားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ ပုံပြင်
မမြင်ဘူးသော နေ့များ . . . ညများ
ပိတောက်ကိုင်းဖျားမှာ . . . ၀ပ်တွား စုရုံး
ငါ့ကို . . . ချည်ထုံးခဲ့တာ . . .
(ခု . . . အချိန်တိုင်အောင် . . . )
အလင်းစိမ်းတွေ ရစ်ဖွာလို့ . . . ။

မြို့ပြလမ်းတွေက တွေ့ခဲ့ဖူးတဲ့ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို . . .
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားနိုင်ခဲ့ပြီ . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယား ကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ . . . ကြေညာချက်ကတော့
နင့်ကို ထာဝရ ချစ်နေမယ်ဆိုတာပါပဲ ။

ထိပ်ထားရယ် . . .
ဖြစ်နိုင်မယ်ဆိုရင် . . .
ဂန္တ၀င် ပန်းပုရပိုဒ်မှာ . . .
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီ သီကုံးပေးချင်တယ် . . . ။

နင့်အပေါ်ထားတဲ့ . . . ငါ့ရဲ့ ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကို ဦးမော့ပြီး
ဝင်းပစွာ . . . လင်းမြတုန်ခါနေတဲ့ . . .
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ . . . ။

ကျောင်းရှေ.က စံပယ်ရုံမှာ
ဗီးနပ်ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ . . .
လမင်းလေး သာခဲ့ဖူးတယ် . . . ။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ . . . ဖြေမပြေသူလေး အထ္ထုပတ္တိ
မြရာပင်ကြီး သိပါတယ် . . . ။

ကမ္ဘာဦးလူသားတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှိကြီးများရယ် . . .
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး . . . ။

“ချစ်သူကိုတောင် ချစ်တယ် လို့ မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့ . . . ထိုသို့ဖြင့် စကားမဲ့စေသတည်း ”
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက် လန့်ပျံသွားတယ် . . . ။

ချို့တဲ့သောဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့
ချစ်သူ့အတွက် ပန်းသစ္စာ
ဪ . . . ငါ့ကိုလေ
နားလည်ပါ . . . နားလည်ပါ
နားလည်စမ်းပါ . . . ။

အဲဒီနေ့ရက်တွေမှာ မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင် ကျမ်းချက်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်း ကကြိုးတို့ကို ပြင်လို့ “သ” လို့ နေခဲ့ပေါ့ ။

ဘာပဲပြောပြော
ရွှေနဲ့ စပ်ဝယ်လို့မရတဲ့
နောက်ဆုံးက လူတွေရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေ ကပ်ပါနေလေရဲ့
ငါ . . . ဘာကိုမှ မကြောက်ခဲ့ဘူး ။

ဟောဒီလောကတောက်လျှောက်
ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညက မြတ်တယ်တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ် . . . ။

မင်းကတော့ . . . ဘာလဲ လို့
အန္ဓတွေက ၀ိုင်းမေးတော့
၁ . . . ၂ . . . ၃ . . . ၄ . . . ၅ . . .
ငါ . . . အကုန်စဉ်းစားတယ် . . . ၆ . . . ၇ . . . ၈ . . . ၉ . . . ဝ
တစ်ခုမှ မဟုတ်ဘူး . . . ငါ့အတွက် ဂဏန်းမရှိဘူး . . . ။

သွေးနဲ့ ယက်တဲ့ ကတ္တီပါစလို နီလွှရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့ နှလုံးသားဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း . . . ငါ ဂစ်တာတီးနေမယ် ။

ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘ၀ကဓားနဲ့ ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ် . . . ။


ထိပ်ထားရေ . . .
ထိပ်ထားရေ . . .
ထိပ်ထားရေ . . .
သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်မှာ
ငါ . . . လယ်သမားဖြစ်ချင်တယ်
နင် . . . ဘုရင်မ . . . လာမလုပ်ရဘူးနော် ။

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးခွင့်မပါလို့
ရွာဇနပုဒ်ရဲ့ မိုးရေထဲမှာ
ငါ . . . တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ် . . . ။

ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့ နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာခဲ့ရင်
ဒုတိယအရာကို ငါ . . ငြင်းတယ် . . . ။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့ ငါ့ရဲ့ကံ့ကော်ရွက်ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း မြေမြိုခံခဲ့ရတာ . . .
ကာလများစွာ . . . ကြာပြီကောလေ . . . ။

တောင်ညိုမှာ ပြိုတဲ့မိုးတွေ
နင့်မျက်နှာလေးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ် . . . ။

ဟေး . . . ငါပြောမယ် . . .
အက်ဆစ်တိမ်ခိုး . . . တို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုးအတွက်လည်း မိုးကြမ်းတို့ တစ်စက်စက်ရွာပါ . . . ။

မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါပဲ . . .
ခွဲခွါခြင်းဟာ ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ ချိန်ရွယ်မောင်းဖြုတ်လိုက်တယ် . . . ။

သက်ပြင်းဝေေ၀ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့ ချောက်ချားဖွယ်ရာ စကားမဲ့ည
ငါဟာ . . . ထက်ပိုင်းချိုးခံခဲ့ရတဲ့
တစ်ခြမ်းပဲ့ “လ”ပဲဖြစ်တယ် . . . ။

အိပ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက
မြေကို ရှိခိုး . . .
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့ ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ် ။

အခင်ဆုံးမဖြစ်ခဲ့ပေမယ့်
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ . . . မရောက် ရောက်အောင်သွားမယ် . . . ။

ပြီးတော့
ခရိုခရိုင် လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကို . . . ပြန်လည်ဖန်ဆင်းပစ်မယ် . . . ကွယ် ။

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့ ပြန်မလာတဲ့သူကို သိကြဖို့ကောင်းတယ် . . . ။

လေညှင်းလေးရေ
ငါချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်လေးတွေ ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခိုက်ပေးပါ . . . ။

လေစီးထဲမှာ ဖွာကြဲလှပနေရှာမယ့်
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦး . . . နော် . . . ။

အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့ ငါ့အတွက် . . .
အညတရမိုး . . . ရေ . . . နေပါစေတော့ ။

အဲဒီညဟာ
တစ်ခြမ်းပဲ့ “လ” က အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလဲမီ “ည” . . . ဖြစ်တယ် ။

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုး စောင့်ရှောက်ချင်တဲ့ လူငယ်
ခု . . . ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .

တေလေဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ် လက်ဆွဲ
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ် ။

ထိပ်ထားရေ . . .
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင် . . . ထာဝစဉ် ချမ်းမြေ.စေသား
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ . . .
ငါ . . . ဆုတောင်းပေးနေမယ် . . . ။

ပန်းခူးရင်း . . .
သူငယ်ချင်းတွေနဲ့နေရင်း . . .
စကားပြောရင်း . . .
သီချင်းလေးတွေ ဆိုရင်း . . .
မင်း . . . ငါ့ကို . . . မေ့သွားမှာလား ? ။

Read More...

Wednesday, December 24, 2008

အဖြစ်ဆိုး

ရိုးမြေကျပေါင်းမလို့
ရင်ခုန်ရည်ရွယ်ဖူးပေမယ့် . . .


အချစ်တစ်ခုကိုပဲ
ရူးမိုက်စွာ
ဦးခိုက်ချင်ပေမယ့် . . .
ငါ့ရင်ဘတ်တစ်ခြမ်းလုံး
အဆိပ်လူးမြားတွေပဲ
စူးစိုက်ဝင်နေခဲ့ . . . ။

ရိုးမြေကျပေါင်းမလို့
ရင်ခုန်ရည်ရွယ်ဖူးပေမယ့် . . .
အိပ်မက်များစွာဟာ
ကျိုးကြေမွ ဟောင်းနွမ်း . . .။

တစ်ယောက်သောသူ . . .
မြင်ခွင့်သာအောင်
ငါ့နှလုံးသားထဲက
ဒဏ်ရာဒဏ်ချက်အပေါင်းတို့ကို
ရင်ဖွင့်ကာ ပြချင်နေမိလို့ . . .

ဒီကဗျာကို . . .
သင် . . . . . .
ရင်ဖြင့်သာ . . .
. . . နာယူပါ . . . ။ ။

ရိုးမြေကျပေါင်းမလို့
ရင်ခုန်ရည်ရွယ်ဖူးပေမယ့် . . .


အချစ်တစ်ခုကိုပဲ
ရူးမိုက်စွာ
ဦးခိုက်ချင်ပေမယ့် . . .
ငါ့ရင်ဘတ်တစ်ခြမ်းလုံး
အဆိပ်လူးမြားတွေပဲ
စူးစိုက်ဝင်နေခဲ့ . . . ။

ရိုးမြေကျပေါင်းမလို့
ရင်ခုန်ရည်ရွယ်ဖူးပေမယ့် . . .
အိပ်မက်များစွာဟာ
ကျိုးကြေမွ ဟောင်းနွမ်း . . .။

တစ်ယောက်သောသူ . . .
မြင်ခွင့်သာအောင်
ငါ့နှလုံးသားထဲက
ဒဏ်ရာဒဏ်ချက်အပေါင်းတို့ကို
ရင်ဖွင့်ကာ ပြချင်နေမိလို့ . . .

ဒီကဗျာကို . . .
သင် . . . . . .
ရင်ဖြင့်သာ . . .
. . . နာယူပါ . . . ။ ။

Read More...

Tuesday, December 23, 2008

ဒီကဗျာနဲ့ ၀င်ရောက်အားဖြည့်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျေးဇူးတင်ပါကြောင်း

ကိုယ့်အလွမ်းတွေကြွေကျနေပုံများ..တဖွေးဖွေးနဲ့...
အဝေးဆိုတဲ့အကွာအဝေးက..သတိရမှုကိုကြိုးနဲ့သီဆွဲထားသလိုပဲ.....
ကောင်လေးရေ . . .
ဧရာဝတီမြစ်ရေဟာ..ဘယ်နေရာရောက်ရောက်..ပြောင်းပြန်မစီးဆင်းသလိုပေါ့..
ငါ့ရဲ့အဝေးမြို့လေးမှာဝှက်ထားတဲ့မင်းရဲ့နှလုံးသားပေါ်မှာလဲ
ငါဘယ်တော့မှမစီဆင်းဘူး
တကယ်တော့..
သတိရတယ်ဆိုတာထမ်းထားရသူသာလေးလံကြောင်းသိတဲ့အရာပါ...
ငါ့လိုပဲ..မင်းရဲ့ရင်ထဲ....သတိရခြင်းတွေလေးလံနေရင်
ရန်ကုန်မှာနှင်တွေကျသလိုပဲပေါ့...
ငါအရမ်းပျော်မိတယ်

ကိုယ့်အလွမ်းတွေကြွေကျနေပုံများ..တဖွေးဖွေးနဲ့...
အဝေးဆိုတဲ့အကွာအဝေးက..သတိရမှုကိုကြိုးနဲ့သီဆွဲထားသလိုပဲ.....
ကောင်လေးရေ . . .
ဧရာဝတီမြစ်ရေဟာ..ဘယ်နေရာရောက်ရောက်..ပြောင်းပြန်မစီးဆင်းသလိုပေါ့..
ငါ့ရဲ့အဝေးမြို့လေးမှာဝှက်ထားတဲ့မင်းရဲ့နှလုံးသားပေါ်မှာလဲ
ငါဘယ်တော့မှမစီဆင်းဘူး
တကယ်တော့..
သတိရတယ်ဆိုတာထမ်းထားရသူသာလေးလံကြောင်းသိတဲ့အရာပါ...
ငါ့လိုပဲ..မင်းရဲ့ရင်ထဲ....သတိရခြင်းတွေလေးလံနေရင်
ရန်ကုန်မှာနှင်တွေကျသလိုပဲပေါ့...
ငါအရမ်းပျော်မိတယ်

Read More...

Sunday, December 21, 2008

မျဉ်းပြိုင်

ပင်လယ်ရယ် . . .
ကောင်းကင်ရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . . . . .

မြူနှင်းရယ် . . .
ရောင်ခြည်ပျိုးနေအလင်းရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . . . . .

နေမင်းရယ် . . .
လမင်းရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . .

ကြယ်တံခွန်ရယ် . . .
တိမ်မိုက်မှောင်ရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . . . . .

ဝေးကြပါစို့ ချစ်သူ
မိုးကုပ်စက်ဝိုင်းနဲ့
ပယ်လယ်မျက်နှာပြင်
ထင်သလောက်မှမနီးတာ

ပင်လယ်ရယ် . . .
ကောင်းကင်ရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . . . . .

မြူနှင်းရယ် . . .
ရောင်ခြည်ပျိုးနေအလင်းရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . . . . .

နေမင်းရယ် . . .
လမင်းရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . .

ကြယ်တံခွန်ရယ် . . .
တိမ်မိုက်မှောင်ရယ် . . .
ပေါင်းစပ်လို့ မဖြစ်နိုင်မယ့်အတူတူ
. . . . . . . . . . . . . . .

ဝေးကြပါစို့ ချစ်သူ
မိုးကုပ်စက်ဝိုင်းနဲ့
ပယ်လယ်မျက်နှာပြင်
ထင်သလောက်မှမနီးတာ

Read More...

ရုပ်သေး

လက်တစ်စုံရဲ့
အယိမ်းအနွဲ့အောက်မှာ
လှုပ်ရှားချင်လို့ . . .

လက်တစ်စုံရဲ့
အယိမ်းအနွဲ့အောက်မှာ
ခေါင်းညိတ်နာခံချင်လို့ . . .

လက်တစ်စုံရဲ့
အယိမ်းအနွဲ့အောက်မှာ
အသက်ဝင်ချင်လို့ . . .

ကျေးဇူးပြုပြီး . . .
. . . . . . . . . . . . . . .
ငါ့ကို . . .

အသက်သွင်းပါ ။ ။

လက်တစ်စုံရဲ့
အယိမ်းအနွဲ့အောက်မှာ
လှုပ်ရှားချင်လို့ . . .

လက်တစ်စုံရဲ့
အယိမ်းအနွဲ့အောက်မှာ
ခေါင်းညိတ်နာခံချင်လို့ . . .

လက်တစ်စုံရဲ့
အယိမ်းအနွဲ့အောက်မှာ
အသက်ဝင်ချင်လို့ . . .

ကျေးဇူးပြုပြီး . . .
. . . . . . . . . . . . . . .
ငါ့ကို . . .

အသက်သွင်းပါ ။ ။

Read More...

Friday, December 12, 2008

အဆိပ်ခွက်

အသေရရ အရှင်ရရ
အမှန်တရားဆိုတာကို
တန်ဖိုးထား လေးစားမြတ်နိုးခဲ့သူပါ
တစ်ခါမှ မမှန်ဖူးပေမယ့်
ဒီတစ်ခါတော့ မှားကြည့်ပါရစေ

ဟီရိုးရှီးမားတော့မဟုတ်
ဒါပေမယ့်
ငါ့နှလုံးသား တမြေ့မြေ့လောင်မြိုက်ပြီး
အရည်ပျော်ကျ

တံဆိပ်မကပ်ဘူး
မကြေညာဘူး
အမှန်တရားအကြောင်း
ငါ့နှလုံးသွေး ဆူပွက်နေတဲ့အကြောင်း

ဆူနာမီမဟုတ်ဘူး
ပုဂံငလျင်မဟုတ်ဘူး
နန်းတော်ကြီးတစ်ဆောင်လုံး
ရေအောက်ကြမ်းပြင်ထိ
စုန်းစုန်းမြုပ်ခဲ့ရဖူးတယ်
ရပ်တည်ရာဟာ
ချာချာလည် ရမ်းခါခဲ့ရတယ်

တံဆိပ်မကပ်ဘူး
မကြေညာဘူး
အမှန်တရားအကြောင်း
ငါ့နှလုံးသွေး ဆူပွက်နေတဲ့အကြောင်း

ကြက်ငှက်တုပ်ကွေးမဟုတ်ဘူး
ပြင်းထန်နမိုးနီးယားမဟုတ်ဘူး
ဦးနှောက်အတွေးတွေထိ ပိုးဝင်ခဲ့လို့
ငါ . . .
ရူးခဲ့ရတယ်

အသေရရ အရှင်ရရ
အမှန်တရားဆိုတာကို
တန်ဖိုးထား လေးစားမြတ်နိုးခဲ့သူပါ
တစ်ခါမှ မမှန်ဖူးပေမယ့်
ဒီတစ်ခါတော့ မှားကြည့်ပါရစေ

အသေရရ အရှင်ရရ
အမှန်တရားဆိုတာကို
တန်ဖိုးထား လေးစားမြတ်နိုးခဲ့သူပါ
တစ်ခါမှ မမှန်ဖူးပေမယ့်
ဒီတစ်ခါတော့ မှားကြည့်ပါရစေ

ဟီရိုးရှီးမားတော့မဟုတ်
ဒါပေမယ့်
ငါ့နှလုံးသား တမြေ့မြေ့လောင်မြိုက်ပြီး
အရည်ပျော်ကျ

တံဆိပ်မကပ်ဘူး
မကြေညာဘူး
အမှန်တရားအကြောင်း
ငါ့နှလုံးသွေး ဆူပွက်နေတဲ့အကြောင်း

ဆူနာမီမဟုတ်ဘူး
ပုဂံငလျင်မဟုတ်ဘူး
နန်းတော်ကြီးတစ်ဆောင်လုံး
ရေအောက်ကြမ်းပြင်ထိ
စုန်းစုန်းမြုပ်ခဲ့ရဖူးတယ်
ရပ်တည်ရာဟာ
ချာချာလည် ရမ်းခါခဲ့ရတယ်

တံဆိပ်မကပ်ဘူး
မကြေညာဘူး
အမှန်တရားအကြောင်း
ငါ့နှလုံးသွေး ဆူပွက်နေတဲ့အကြောင်း

ကြက်ငှက်တုပ်ကွေးမဟုတ်ဘူး
ပြင်းထန်နမိုးနီးယားမဟုတ်ဘူး
ဦးနှောက်အတွေးတွေထိ ပိုးဝင်ခဲ့လို့
ငါ . . .
ရူးခဲ့ရတယ်

အသေရရ အရှင်ရရ
အမှန်တရားဆိုတာကို
တန်ဖိုးထား လေးစားမြတ်နိုးခဲ့သူပါ
တစ်ခါမှ မမှန်ဖူးပေမယ့်
ဒီတစ်ခါတော့ မှားကြည့်ပါရစေ

Read More...

စံတော်ချိန်

Hamster လေး ဗိုက်ဆာနေပါတယ်