Wednesday, December 31, 2008

မာယာ

မုန်တိုင်းအကြို လေပြည်မျိုးနဲ့

မာယာ
နောက်ဆုံးရှေ့က ညနေ
မုန်တိုင်းအကြို လေပြည်မျိုးနဲ့
ငြိမ်သက်ခြင်း တစ်စွန်းတစ်စ
ထိန်ဝှက်ခြင်း ပြင်းပြင်းပျပျ
ငါလည်း . . .
မာနအထုပ်အပိုးတွေ
ပြင်ဆင်ပြီး
အတ္တခရီးနှင်တော့မလို့
နှလုံးသားကို လက်စတုံး
အောင်ပွဲရတဲ့ စစ်ဘုရင်အပြုံးလို . . .
အသုံးချဗေဒရဲ့ မောဟတွေကို
အထက် အောက် ဆင်တူ
ဝတ်ဆင်ထားရဲ့ . . .
နှလုံးအိမ်ရဲ့
အကာများ
အခင်းများ
အမိုးများ
နားမရှိတဲ့ နံရံများဆီ
အလုအယက် ပြေးကပ်
အားလုံးပဲ . . .
ဟန်ဆောင် နှုတ်ဆက်လိုက်ကြ . . . ။ ။

No comments:

Post a Comment

စံတော်ချိန်

Hamster လေး ဗိုက်ဆာနေပါတယ်