ချစ်သူရေ....
လွမ်းခန်းတွေထဲက ဒီလိုညဟာ
ညဥ့်ယံထဲက လူတစ်ယောက်ကို
ချောက်ခြားနေစေရဲ့...
ငါ့ ညမှာ ပြာရီသစ်ခွ ပွင့်မလား
ဒါမှမဟုတ် ကဗျာထဲက အလင်းတန်းတွေနဲ့
ဒီလိုညကို ထုဆစ်ရှင်သန်နေရမလား..........
ပုစ္ဆာတစ်ပုဒ်လို ငါ့ကို မမေးပါနဲ့
အပြစ်ကင်းစင်တဲ့ ချစ်သူရဲ့ မျက်နှာကို
ငေးကြည့်ချင်တာ ငါ့မှာအပြစ်ရှိပါရဲ့လား
ငါ့ ခံစားချက်ကို နားလည်ပေးပါ...။
ရစ်ဖွဲ့လာတဲ့ သံယောဇဉ်မှာ
မာယာ မပါဘူး
အတ္တတွေ မထည့်ထားဘူး
ထိန်းချုပ်မှုကြိုးတွေနဲ့ မတုပ်နှောင်ထားဘူး
မြင့်တက်တာတဲ့ ဒီဂရီတစ်ခု
အတက်အကျတွေနဲ့ ရွေ့လျားလာနေလိုက်တာ
ရင်ဘက်တောင် ရောင်ကိုင်းလို့.............။
ချစ်သူရေ....
လွမ်းခန်းတွေထဲက ဒီလိုညဟာ
ညဥ့်ယံထဲက လူတစ်ယောက်ကို
ချောက်ခြားနေစေရဲ့...
နာရီသံတွေ တစ်ချက်ချက်နဲ့
မနက်ဖြန်ရောက်ဖို့
ငါအလွမ်းတွေကို သောက်သုံးနေဦးမယ်.....။
No comments:
Post a Comment