စိတ်ရှိလက်ရှိ ပွင့်ချင်ပေမယ့်
ငါ့အချစ်ကို ရနံ့မပါဘူးလို့ တန်ဖိုးဖြတ်ကြဦးမယ်
တစ်နေကုန် လွှတ်ချမိတာ
ငါ့ကိုယ်ငါ ဖြစ်နေတဲ့အထိ
သတိလက်လွတ် ဆွံ့အ စွာနဲ့ ။
အဲဒီလောက် လွဲလွဲချော်ချော်
နာကျင်ကြေကွဲစွာ ဖြတ်သန်းရင်း
အရည်အသွေးတွေ လျော့ကျခဲ့တာ
အဖြေမှန် ချပြဖို့ ခက်ခဲတိုင်း
မျိုသိပ်ရင်းနဲ့
ဒဏ်ရာက အဆိပ်တက်လာတယ် ။
စိတ်ရှိလက်ရှိ ပွင့်ချင်ပေမယ့်
ငါ့အချစ်ကို ရနံ့မပါဘူးလို့ တန်ဖိုးဖြတ်ကြဦးမယ် ။
ထားပါတော့
အမှတ်ပေးစဉ်းမျဉ်းအရ
နှလုံးသားအဟာရ ချို့တဲ့နေတယ်ဆိုရင်
ငါ့ရဲ့ ကျဆုံးမှုဟာ
ခမ်းနားစရာ မလိုဘူး ။ ။
Wednesday, December 31, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment