Sunday, May 17, 2009

အဝေးပြေးဝိညာဉ်

ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။


ဆီးနှင်းထုကြီးကို စိုက်ကြည့်ဖို့
ငါရောက်လာခဲ့တာ
မင်း ငါ့ကိုမြင်နိုင်ဖို့
ကြယ်တာရာ တစ်ခုလောက်ထိ
နောက်ဆုတ်လိုက်ဦး။
အမှန်တရားဟာ
မှားမနေဘူးဆိုရင်လေ
ငါ့ဘ၀အပေါ် ငါနေထိုင်မှုဟာ
တစ်စုံတစ်ရာမမှားခဲ့ဘူးဆိုတာ
သေချာတယ်။
သွေးကတောင်းတဲ့အနမ်းမှတစ်ပါး
တခြားဘာကိုမှ မတောင်းတတဲ့နေ့တွေမှာ
မင်းကိုလည်း ငါမတောင်းတခဲ့ပါဘူး
မင်းယုံကြည်။
အသည်းအသန် ၊ အငမ်းမရ
လောဘတကြီး ငါလိုက်ရှာဖွေခဲ့ရတဲ့
ဘ၀ဖြစ်တည်မှုဆိုတာလည်း နောက်ဆုံးတော့
အလကားပဲ။
သွေးပျက်မသွားပါနဲ့
စာမျက်နှာနည်းနည်းပါးပါးလောက်
ကျော်ပြီးလှန်လိုက်စမ်းပါ
လှလှပပငါ့ဘ၀ကို မင်းတွေ့စေရမယ်
သိလား။
ကိုယ်ဘာကို ဆိုလိုတယ်ဆိုတာ
အစကတည်းက သေချာမသိခဲ့ရင်
အခုလည်းမသိဘူး
ဘယ်တော့မှလည်း သိလာမှာမဟုတ်ဘူး။
ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။
ငါဟာ
သစ္စာတရားကို ရှာဖွေနေသူ
မဟုတ်။
ငါကိုယ်တိုင်သည်ပင်
သစ္စာတရားရဲ့ ပုံဆောင်ခဲတစ်ခု
ဖြစ်ရဲ့။
အလုံးအဖန်သေးသေးရှည်ရှည် အ၀ကျဉ်းကျဉ်း
ပုလင်းအလွတ်တစ်လုံးထဲ
ပိုးလောက်လန်းတစ်ကောင် ခွေနေရသလိုမျိုး
ဖြစ်တည်မှုဟာ
အနှစ်သာရမဲ့လှချည့်။
လူအများကို ကျောခိုင်းသွားခဲ့ခြင်းမှာ
သူ့ကိုယ်သူ ပို၍ကောင်းအောင်
အားထုတ်ခြင်းလည်းဖြစ်ပေသည် . . . တဲ့
ဟိုလ်ဒါလင်အကြောင်း
ငါဖတ်မိ။
စိတ်ကူးစိတ်သန်းတွေအတောင်ပံကျိုးတဲ့ည
နောက်ပြန်ဆုတ်ခဲ့ရတဲ့ ကြည်ညိုလေးစားမှုနဲ့
ပွန်းပဲ့သွားတဲ့လေထုထဲ
မပျော်ရွှင်ပဲ ပွင့်နေရတဲ့ ပန်းတွေကြား
ငါ့အသံကို ငါပြန်ကြားမှာ
ကြောက်မိပေါ့။
ကဲကွာ
ခေါင်းလောင်းကို ငါထိုးတဲ့အချိန်မှာ
ခေါင်းလောင်းထဲကို အသံထည့်သူဟာ
ငါကိုယ်တိုင်ပါပဲ။ ။

ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။


ဆီးနှင်းထုကြီးကို စိုက်ကြည့်ဖို့
ငါရောက်လာခဲ့တာ
မင်း ငါ့ကိုမြင်နိုင်ဖို့
ကြယ်တာရာ တစ်ခုလောက်ထိ
နောက်ဆုတ်လိုက်ဦး။
အမှန်တရားဟာ
မှားမနေဘူးဆိုရင်လေ
ငါ့ဘ၀အပေါ် ငါနေထိုင်မှုဟာ
တစ်စုံတစ်ရာမမှားခဲ့ဘူးဆိုတာ
သေချာတယ်။
သွေးကတောင်းတဲ့အနမ်းမှတစ်ပါး
တခြားဘာကိုမှ မတောင်းတတဲ့နေ့တွေမှာ
မင်းကိုလည်း ငါမတောင်းတခဲ့ပါဘူး
မင်းယုံကြည်။
အသည်းအသန် ၊ အငမ်းမရ
လောဘတကြီး ငါလိုက်ရှာဖွေခဲ့ရတဲ့
ဘ၀ဖြစ်တည်မှုဆိုတာလည်း နောက်ဆုံးတော့
အလကားပဲ။
သွေးပျက်မသွားပါနဲ့
စာမျက်နှာနည်းနည်းပါးပါးလောက်
ကျော်ပြီးလှန်လိုက်စမ်းပါ
လှလှပပငါ့ဘ၀ကို မင်းတွေ့စေရမယ်
သိလား။
ကိုယ်ဘာကို ဆိုလိုတယ်ဆိုတာ
အစကတည်းက သေချာမသိခဲ့ရင်
အခုလည်းမသိဘူး
ဘယ်တော့မှလည်း သိလာမှာမဟုတ်ဘူး။
ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။
ငါဟာ
သစ္စာတရားကို ရှာဖွေနေသူ
မဟုတ်။
ငါကိုယ်တိုင်သည်ပင်
သစ္စာတရားရဲ့ ပုံဆောင်ခဲတစ်ခု
ဖြစ်ရဲ့။
အလုံးအဖန်သေးသေးရှည်ရှည် အ၀ကျဉ်းကျဉ်း
ပုလင်းအလွတ်တစ်လုံးထဲ
ပိုးလောက်လန်းတစ်ကောင် ခွေနေရသလိုမျိုး
ဖြစ်တည်မှုဟာ
အနှစ်သာရမဲ့လှချည့်။
လူအများကို ကျောခိုင်းသွားခဲ့ခြင်းမှာ
သူ့ကိုယ်သူ ပို၍ကောင်းအောင်
အားထုတ်ခြင်းလည်းဖြစ်ပေသည် . . . တဲ့
ဟိုလ်ဒါလင်အကြောင်း
ငါဖတ်မိ။
စိတ်ကူးစိတ်သန်းတွေအတောင်ပံကျိုးတဲ့ည
နောက်ပြန်ဆုတ်ခဲ့ရတဲ့ ကြည်ညိုလေးစားမှုနဲ့
ပွန်းပဲ့သွားတဲ့လေထုထဲ
မပျော်ရွှင်ပဲ ပွင့်နေရတဲ့ ပန်းတွေကြား
ငါ့အသံကို ငါပြန်ကြားမှာ
ကြောက်မိပေါ့။
ကဲကွာ
ခေါင်းလောင်းကို ငါထိုးတဲ့အချိန်မှာ
ခေါင်းလောင်းထဲကို အသံထည့်သူဟာ
ငါကိုယ်တိုင်ပါပဲ။ ။

Read More...

အနာဂတ်သို့ ဆုတ်ခွာခြင်း

ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။


သွေးရူးသွေးတမ်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့
မင်းနှလုံးသားဆီအရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီးဟန်နီဘောလည်းဟုတ်ရဲ့။
မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး
ဘ၀ရဲ့တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါရောက်လာခဲ့ရ။
အမှန်တရားရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေသလိုမျိုးပေါ့လေ
ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကို တင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့။
တကယ့်ကို
ပါးပါးလွှာလွှာလေးလွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့တစ်ဘ၀လုံးဝေးခဲ့ကြရ။
အနာဂတ်ဟာ
ဘယ်တော့မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး
ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။
စက်ဝိုင်းလိုပျံသန်းနေတဲ့
အချိန်တွေရဲ့လောင်ကျွမ်းမှုထဲ
မရေရာတဲ့ဘ၀တွေကို ပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား။
မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ ပြောင်းပြန်လှန်ပြီးစိုက်ထားတဲ့
ပိရမစ်ကြီးတစ်ခုလို
တဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့လွဲမှားခဲ့သူပါ။
ဇာတ်သိမ်းခန်းမှာတော့
ပင်လယ်ကမ်းခြေအတုတစ်ခုမှာ
ရမ်ပုလင်းအစစ်တစ်လုံးကို
မော့သောက်ပစ်လိုက်ရဲ့။ ။

ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။


သွေးရူးသွေးတမ်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့
မင်းနှလုံးသားဆီအရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီးဟန်နီဘောလည်းဟုတ်ရဲ့။
မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး
ဘ၀ရဲ့တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါရောက်လာခဲ့ရ။
အမှန်တရားရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေသလိုမျိုးပေါ့လေ
ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကို တင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့။
တကယ့်ကို
ပါးပါးလွှာလွှာလေးလွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့တစ်ဘ၀လုံးဝေးခဲ့ကြရ။
အနာဂတ်ဟာ
ဘယ်တော့မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး
ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။
စက်ဝိုင်းလိုပျံသန်းနေတဲ့
အချိန်တွေရဲ့လောင်ကျွမ်းမှုထဲ
မရေရာတဲ့ဘ၀တွေကို ပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား။
မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ ပြောင်းပြန်လှန်ပြီးစိုက်ထားတဲ့
ပိရမစ်ကြီးတစ်ခုလို
တဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့လွဲမှားခဲ့သူပါ။
ဇာတ်သိမ်းခန်းမှာတော့
ပင်လယ်ကမ်းခြေအတုတစ်ခုမှာ
ရမ်ပုလင်းအစစ်တစ်လုံးကို
မော့သောက်ပစ်လိုက်ရဲ့။ ။

Read More...

နှင်းဦးဝတ်မှုန် ရင်ခုန်ဇာတ်လမ်းအလွမ်းဒဏ္ဍာရီ

အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


နှင်းဦးကလေးတွေ ပုလဲလိုကြွေကျအေးမြနေတဲ့
တက္ကသိုလ်တစ်ခုရဲ့ မိုးလင်းစ နေ့လေးတစ်နေ့မှာ
နေခြည်သွေးနဲ့ တေးဆိုလန်းဆန်း
ငွေရည်နှင်းစက်လေးတွေနဲ့ တောက်ပအေးချမ်း
တစ်လောကလုံး
ရောင်စုံပန်းကလေးတွေလွှမ်းနေချိန်
ဘ၀ရဲ့ အချိုမြိန်ဆုံးအနှစ်သာရ
ပန်းကလေးတစ်ပွင့််က နှလုံးသားထဲ
ဖော်ကွဲစီးဝင်လာတယ် . . . . ။

အထီးကျန်ခြင်းနဲ့ ပျင်းရိငြီးငွေ့စွာ
နှစ်ရှည်လများ အိပ်ပျော်နေတဲ့ နှလုံးသားကတော့
ပန်းကလေးရဲ့ ရနံ့မှာ ရုန်းကြွဖျတ်လတ်
ဆတ်ခနဲလူးလဲအထ
ကိုယ့်ရင်ဟာ ဖွဖွကလေးနာကျင်လို့
အချစ်ကို ပထမဆုံးသင်ခွင့်ရလိုက်ပါတယ်။

အဲဒီလို
ကျောင်းဖွင့်စနှစ်ဦးကလေးတွေနဲ့ အတူတွေ့ခဲ့ရသော
ဆောင်းနှင်းလေပြည်များကြားက
ပန်းကလေးတစ်ပွင့်ပေမို့
စွဲလမ်းလို့ပဲဖြစ်ဖြစ်၊ နှစ်သက်လို့ပဲ ဆိုဆို
ရင်ထဲမှာ အချိုဆုံးအတွေးလေးတွေနဲ့
ဖြည်းဖြည်းကလေးခေါ်ကြည့်လိုက်မိတယ်
နှင်းဦးဝတ်မှုန် . . . . . . . . . . . . . . .
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
နှင်းဦးဝတ်မှုန်ရေ
ဒီနာမည်ကလေးနဲ့ပဲ
ကိုယ့်ရင်ကမ္ဘာအလုံးစုံကို
သင်းပျံ့မွှေးထုံနေစေပါတော့တယ်။

ခုတော့
စားလည်းဒီစိတ် သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့် သူရှိနေတဲ့စိတ်ဟာ
ဘာကိုမှမတွေး
တိတ်တိတ်ကလေးနေပြန်တော့လည်း
နှလုံးသားထဲ လှိုက်လှိုက်ခုန်
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန် တဲ့လေ။

ပန်းကလေးရေ
နူးညံ့သလောက်ညင်သာအေးချမ်းလွန်းပါရဲ့
လှကသလောက်သိမ်မွေ့တည်ကြည်လွန်းပါရဲ့
မွှေးမြသလောက်သစ်လွင်လန်းဆန်းလွန်းပါရဲ့
ဒါပေမယ့်
ငြိမ်သက်တိတ်ဆိတ် ၀တ်မှုန်ကလေးတွေဖိတ်မှာ
စိုးသလား
ကြည်သာပျောင်းနွဲ့ ၀တ်လွှာလေးတွေပဲ့မှာစိုးသလား
မင်းအပြုံးလေးတွေက ဓားဆိုရင်
ငါ့ရင်ခွင်ကို စိုက်ဝင်လှည့်ပါလား
မင်းအကြည့်လေးတွေက တရားဆိုရင်
အထီးကျန်နေတဲ့ ငါ့ရင်ခွင်အား
ကျွတ်တန်းဝင်ခွင့် ပေးသနားလှည့်ပါလား။

တစ်နေ့သောအခါ
ကမ္ဘာလောကရဲ့ အရပ်လေးမျက်နှာဟာ
ရင့်ဖြာဝင်းမှည့်
ရနံ့ပေါင်းစုံနဲ့ ချိုမြိန်နေတဲ့အချိန်ပေါ့
ပန်းကလေးတစ်ပွင့်ရဲ့ နှုတ်ဖျားက
ကျွန်တော့်ပန်းကလေးနှင်းဦးဝတ်မှုန်ရဲ့ နှုတ်ဖျားက
စကားလိုလို
တေးသံချိုချိုအနုအလှအဆင်တန်ဆာနဲ့
သမုဒယကို အလင်္ကာဖွဲ့ဆိုခဲ့ပါတယ်။

“တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်ရင်တမ်းတ
လွမ်းရတယ်ကွယ် . . .
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရင်တော့
တွေးကြည့်ပေါ့ ကိုကိုရယ် . . . ” တဲ့။

အဲဒီနေ့ကစလို့
အထီးကျန်ခြင်းစာမျက်နှာဟာ
တဖွဲတဖွဲရွာနေတဲ့ သိင်္ဂါရနှင်းနုနုလေးတွေစိုရွှဲလို့
တဖြည်းတဖြည်းနွမ်းရိစုတ်ပြဲရာကအစ
နှလုံးသားမှာ
အချစ်ကို ရရှိခဲ့ပါတော့တယ်။


နှင်းကလေးတွေ တဖွဲဖွဲကျတဲ့အခါ
နှင်းဖွဲဖွဲခရေလမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
နေခြည်လေးနွေးထွေးလက်တဲ့အခါ
နေခြည်ဖြာကံ့ကော်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
မိုးကလေးတွေ တဖွဲဖွဲစွေတဲ့အခါ
မိုးစွေစွေပိတောက်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်။


လေပြည်ကလေးဆော့သွေးတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ အသာအယာပြုံးလို့
တိမ်စိုင်လေးတွေ တရွေ့ရွေ့သွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ ပခုံးထက်မှာ ခိုတွယ်လို့
ငှက်ကလေးတွေ ဖြတ်ပျံသွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ တခစ်ခစ်ရယ်မောပျော်ရွှင်လို့
ကျွန်တော်တို့ သင်ယူတတ်မြောက်ခဲ့တဲ့ အချစ်ဟာ
တွေ့မြင်လေရာကြည်နူးပီတိနဲ့
စကြာဝဠာတစ်ခုလုံး နှစ်ယောက်တည်းရှိတဲ့အဖြစ်
ခုပြန်တွေးလည်း စိတ်မညစ်ပါဘူး . . . . ။


အို . . . အကြောင်းတရားနဲ့စခဲ့တဲ့ ကမ္ဘာလောက
ကြည်နူးခြင်းမှာ ချစ်ခြင်းမေတ္တာကို ကျွန်တော်ရခဲ့ပါတယ်
အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


အကြောင်းအကျိုးအကောင်းအဆိုး
ကြည်နူးခြင်း ကြေကွဲခြင်း
အချစ်နဲ့အမုန်း
သံသရာတစ်ခုလုံးထွေးလုံးရစ်ပတ်
ဟောဒီကမ္ဘာမြေမရပ်သရွေ့
ကျွန်တော်သူ့ကိုမမေ့ပါ။


အိပ်ရာဝင်တိုင်း
မဆိုင်းမတွ
ကျွန်တော်တို့ သိပ်ချစ်ကြတဲ့ အတိတ်ရက်ဆွဲတစ်ခု
နှလုံးသားက ခုထိကျွမ်းဝင်
တွေးတိုင်းနာကျင်ရတဲ့အဖြစ်
စစ်မှန်တဲ့အချစ်ဟာ ဒီလိုခွဲခွါရခြင်းလား။


ပုလဲလိုနှင်းဦးကလေးတွေဟာ
ဟိုးအတိတ်တစ်ခါက မိုးလင်းစနေ့ကလေးလို
တေးဆိုဖြာကျနေတုန်းမှာ
နှင်းမျက်ရည်ခရေလမ်းထက်
ပန်းကလေးဟာ ကြွေသက်နေရှာပေါ့။


လေပြည်လေညင်းတိမ်စိုင်တိမ်လိပ်နဲ့
ငှက်ကလေးများသာ ပေါ့ပါးလွတ်လပ်စွာပျံသန်းသွားးကြပေါ့
ကျွန်တော့်ရဲ့နှင်းဦးဝတ်မှုန်လေးခမျာသာ
နှင်းဦးကလေးတွေ ရွှဲရွှဲနစ်
ကမ္ဘာလောကကို ပစ်ပယ်ရှာ
ဘယ်ကံကြမ္မာရဲ့ ဓားချက်ပါလိမ့်။


တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်အောင်မဝေးချင်တဲ့ ပန်းကလေးနဲ့မှ
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရတဲ့အဖြစ်ဆိုး
ဘယ်အရာကို ငြှိုးဖွဲ့ရတော့မလဲ
ဒီတစ်သံသရာလုံးလွဲပြီပေါ့ကွယ်။


ခုတော့
စားလည်းဒီစိတ်
သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့်
သူရှိနေတဲ့ စိတ္တဇဟာ
ဘာကိုမှမတွေး
တစ်လောကလုံးဝေးတဲ့ နာကျင်မှုအဟုန်ဟာ
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
ပါပဲလေ။


နူးညံ့သလောက်ညင်သာအေးချမ်း
လှပသလောက်သိမ်မွေ့တည်ကြည်
မွှေးမြသလောက်သစ်လွင်လန်းဆန်း
နှင်းဦးဝတ်မှုန်ဆိုတဲ့
ကျွန်တော့်ရင်ထဲက ပန်းကလေးကိုမမေ့သမျှ
ဟောဒီစကြာဝဠာအမှောင်တိုက်မှာ
အထီးကျန်ခြင်းနဲ့သာ
ထာဝရလောင်မြိုက်ပါတော့မယ်။


သံသရာမဆုံးသရွေ့
ကံကြမ္မာမုန်းမေ့လို့ပဲဖြစ်ဖြစ်
ထာဝရခွဲခွါရတဲ့အချစ်မျိုး
ဘယ်တော့မှ တို့တွေအဖြစ်မဆိုးရစေနဲ့
နှင်းဦးဝတ်မှုန် ရေ။

အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


နှင်းဦးကလေးတွေ ပုလဲလိုကြွေကျအေးမြနေတဲ့
တက္ကသိုလ်တစ်ခုရဲ့ မိုးလင်းစ နေ့လေးတစ်နေ့မှာ
နေခြည်သွေးနဲ့ တေးဆိုလန်းဆန်း
ငွေရည်နှင်းစက်လေးတွေနဲ့ တောက်ပအေးချမ်း
တစ်လောကလုံး
ရောင်စုံပန်းကလေးတွေလွှမ်းနေချိန်
ဘ၀ရဲ့ အချိုမြိန်ဆုံးအနှစ်သာရ
ပန်းကလေးတစ်ပွင့််က နှလုံးသားထဲ
ဖော်ကွဲစီးဝင်လာတယ် . . . . ။

အထီးကျန်ခြင်းနဲ့ ပျင်းရိငြီးငွေ့စွာ
နှစ်ရှည်လများ အိပ်ပျော်နေတဲ့ နှလုံးသားကတော့
ပန်းကလေးရဲ့ ရနံ့မှာ ရုန်းကြွဖျတ်လတ်
ဆတ်ခနဲလူးလဲအထ
ကိုယ့်ရင်ဟာ ဖွဖွကလေးနာကျင်လို့
အချစ်ကို ပထမဆုံးသင်ခွင့်ရလိုက်ပါတယ်။

အဲဒီလို
ကျောင်းဖွင့်စနှစ်ဦးကလေးတွေနဲ့ အတူတွေ့ခဲ့ရသော
ဆောင်းနှင်းလေပြည်များကြားက
ပန်းကလေးတစ်ပွင့်ပေမို့
စွဲလမ်းလို့ပဲဖြစ်ဖြစ်၊ နှစ်သက်လို့ပဲ ဆိုဆို
ရင်ထဲမှာ အချိုဆုံးအတွေးလေးတွေနဲ့
ဖြည်းဖြည်းကလေးခေါ်ကြည့်လိုက်မိတယ်
နှင်းဦးဝတ်မှုန် . . . . . . . . . . . . . . .
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
နှင်းဦးဝတ်မှုန်ရေ
ဒီနာမည်ကလေးနဲ့ပဲ
ကိုယ့်ရင်ကမ္ဘာအလုံးစုံကို
သင်းပျံ့မွှေးထုံနေစေပါတော့တယ်။

ခုတော့
စားလည်းဒီစိတ် သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့် သူရှိနေတဲ့စိတ်ဟာ
ဘာကိုမှမတွေး
တိတ်တိတ်ကလေးနေပြန်တော့လည်း
နှလုံးသားထဲ လှိုက်လှိုက်ခုန်
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန် တဲ့လေ။

ပန်းကလေးရေ
နူးညံ့သလောက်ညင်သာအေးချမ်းလွန်းပါရဲ့
လှကသလောက်သိမ်မွေ့တည်ကြည်လွန်းပါရဲ့
မွှေးမြသလောက်သစ်လွင်လန်းဆန်းလွန်းပါရဲ့
ဒါပေမယ့်
ငြိမ်သက်တိတ်ဆိတ် ၀တ်မှုန်ကလေးတွေဖိတ်မှာ
စိုးသလား
ကြည်သာပျောင်းနွဲ့ ၀တ်လွှာလေးတွေပဲ့မှာစိုးသလား
မင်းအပြုံးလေးတွေက ဓားဆိုရင်
ငါ့ရင်ခွင်ကို စိုက်ဝင်လှည့်ပါလား
မင်းအကြည့်လေးတွေက တရားဆိုရင်
အထီးကျန်နေတဲ့ ငါ့ရင်ခွင်အား
ကျွတ်တန်းဝင်ခွင့် ပေးသနားလှည့်ပါလား။

တစ်နေ့သောအခါ
ကမ္ဘာလောကရဲ့ အရပ်လေးမျက်နှာဟာ
ရင့်ဖြာဝင်းမှည့်
ရနံ့ပေါင်းစုံနဲ့ ချိုမြိန်နေတဲ့အချိန်ပေါ့
ပန်းကလေးတစ်ပွင့်ရဲ့ နှုတ်ဖျားက
ကျွန်တော့်ပန်းကလေးနှင်းဦးဝတ်မှုန်ရဲ့ နှုတ်ဖျားက
စကားလိုလို
တေးသံချိုချိုအနုအလှအဆင်တန်ဆာနဲ့
သမုဒယကို အလင်္ကာဖွဲ့ဆိုခဲ့ပါတယ်။

“တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်ရင်တမ်းတ
လွမ်းရတယ်ကွယ် . . .
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရင်တော့
တွေးကြည့်ပေါ့ ကိုကိုရယ် . . . ” တဲ့။

အဲဒီနေ့ကစလို့
အထီးကျန်ခြင်းစာမျက်နှာဟာ
တဖွဲတဖွဲရွာနေတဲ့ သိင်္ဂါရနှင်းနုနုလေးတွေစိုရွှဲလို့
တဖြည်းတဖြည်းနွမ်းရိစုတ်ပြဲရာကအစ
နှလုံးသားမှာ
အချစ်ကို ရရှိခဲ့ပါတော့တယ်။


နှင်းကလေးတွေ တဖွဲဖွဲကျတဲ့အခါ
နှင်းဖွဲဖွဲခရေလမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
နေခြည်လေးနွေးထွေးလက်တဲ့အခါ
နေခြည်ဖြာကံ့ကော်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
မိုးကလေးတွေ တဖွဲဖွဲစွေတဲ့အခါ
မိုးစွေစွေပိတောက်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်။


လေပြည်ကလေးဆော့သွေးတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ အသာအယာပြုံးလို့
တိမ်စိုင်လေးတွေ တရွေ့ရွေ့သွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ ပခုံးထက်မှာ ခိုတွယ်လို့
ငှက်ကလေးတွေ ဖြတ်ပျံသွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ တခစ်ခစ်ရယ်မောပျော်ရွှင်လို့
ကျွန်တော်တို့ သင်ယူတတ်မြောက်ခဲ့တဲ့ အချစ်ဟာ
တွေ့မြင်လေရာကြည်နူးပီတိနဲ့
စကြာဝဠာတစ်ခုလုံး နှစ်ယောက်တည်းရှိတဲ့အဖြစ်
ခုပြန်တွေးလည်း စိတ်မညစ်ပါဘူး . . . . ။


အို . . . အကြောင်းတရားနဲ့စခဲ့တဲ့ ကမ္ဘာလောက
ကြည်နူးခြင်းမှာ ချစ်ခြင်းမေတ္တာကို ကျွန်တော်ရခဲ့ပါတယ်
အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


အကြောင်းအကျိုးအကောင်းအဆိုး
ကြည်နူးခြင်း ကြေကွဲခြင်း
အချစ်နဲ့အမုန်း
သံသရာတစ်ခုလုံးထွေးလုံးရစ်ပတ်
ဟောဒီကမ္ဘာမြေမရပ်သရွေ့
ကျွန်တော်သူ့ကိုမမေ့ပါ။


အိပ်ရာဝင်တိုင်း
မဆိုင်းမတွ
ကျွန်တော်တို့ သိပ်ချစ်ကြတဲ့ အတိတ်ရက်ဆွဲတစ်ခု
နှလုံးသားက ခုထိကျွမ်းဝင်
တွေးတိုင်းနာကျင်ရတဲ့အဖြစ်
စစ်မှန်တဲ့အချစ်ဟာ ဒီလိုခွဲခွါရခြင်းလား။


ပုလဲလိုနှင်းဦးကလေးတွေဟာ
ဟိုးအတိတ်တစ်ခါက မိုးလင်းစနေ့ကလေးလို
တေးဆိုဖြာကျနေတုန်းမှာ
နှင်းမျက်ရည်ခရေလမ်းထက်
ပန်းကလေးဟာ ကြွေသက်နေရှာပေါ့။


လေပြည်လေညင်းတိမ်စိုင်တိမ်လိပ်နဲ့
ငှက်ကလေးများသာ ပေါ့ပါးလွတ်လပ်စွာပျံသန်းသွားးကြပေါ့
ကျွန်တော့်ရဲ့နှင်းဦးဝတ်မှုန်လေးခမျာသာ
နှင်းဦးကလေးတွေ ရွှဲရွှဲနစ်
ကမ္ဘာလောကကို ပစ်ပယ်ရှာ
ဘယ်ကံကြမ္မာရဲ့ ဓားချက်ပါလိမ့်။


တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်အောင်မဝေးချင်တဲ့ ပန်းကလေးနဲ့မှ
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရတဲ့အဖြစ်ဆိုး
ဘယ်အရာကို ငြှိုးဖွဲ့ရတော့မလဲ
ဒီတစ်သံသရာလုံးလွဲပြီပေါ့ကွယ်။


ခုတော့
စားလည်းဒီစိတ်
သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့်
သူရှိနေတဲ့ စိတ္တဇဟာ
ဘာကိုမှမတွေး
တစ်လောကလုံးဝေးတဲ့ နာကျင်မှုအဟုန်ဟာ
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
ပါပဲလေ။


နူးညံ့သလောက်ညင်သာအေးချမ်း
လှပသလောက်သိမ်မွေ့တည်ကြည်
မွှေးမြသလောက်သစ်လွင်လန်းဆန်း
နှင်းဦးဝတ်မှုန်ဆိုတဲ့
ကျွန်တော့်ရင်ထဲက ပန်းကလေးကိုမမေ့သမျှ
ဟောဒီစကြာဝဠာအမှောင်တိုက်မှာ
အထီးကျန်ခြင်းနဲ့သာ
ထာဝရလောင်မြိုက်ပါတော့မယ်။


သံသရာမဆုံးသရွေ့
ကံကြမ္မာမုန်းမေ့လို့ပဲဖြစ်ဖြစ်
ထာဝရခွဲခွါရတဲ့အချစ်မျိုး
ဘယ်တော့မှ တို့တွေအဖြစ်မဆိုးရစေနဲ့
နှင်းဦးဝတ်မှုန် ရေ။

Read More...

စံတော်ချိန်

Hamster လေး ဗိုက်ဆာနေပါတယ်