ငါ့ကဗျာအိမ်ကလေးထဲက မြို့ကလေးရေ
မင်းနဲ့ငါ ကျိန်စာဆန်ဆန်
နံရံတွေ စုန်ဆန်လို့ မဆုံးနိုင်သေးဘူး ........။
မိုးသားတွေ တလိပ်လိပ် ဒီရေတက်သလို
ဆန္ဒခူးအလွမ်းတွေနဲ့ ခိုးခိုးနမ်းနေရ.......
ကြယ်ပွင့်ဆိပ်ကမ်းသစ်ကလေးရဲ့ အိပ်မက်
အဝေးပြေးလမ်းမတွေ ရွက်လွှင့်ထွက်ခွာ
ခေါက်ရိုးဖွဲ့ နှင်းကြွင်းအတ္ထုပ္ပတ္တိ
ခြုံးပွဲချ ချွေးစက်ရွှဲစို
အဇ္ဈတ္တရသမြစ် လှိုင်းကြက်ခွပ်စိတ် ပစ်ကူးမေးတင်ခဲ့......
နို့ရည်မစင်သေးတဲ့သွား
စိတ်ကူးတွေ ဖားလျားချညနေ
ကြိုးညှိဘ၀ ဘိုးတံနဲ့
လောကဓံကို ခရီးဦးကြို သီကျူးပစ်ခဲ့....
အနုပညာ မြင်းခွာသံနဲ့
လေချွန်ခွင့် ဗီဇာ
ကိုယ့်အရှိုးရာနဲ့ကိုယ်
ကိုယ့်ကြာပွတ်နဲ့ကိုယ်
အခိုးရိုက်ခဲ့...........
ငါ့ကဗျာအိမ်ကလေးထဲက မြို့ကလေးရေ
မင်းနဲ့ငါ ကျိန်စာဆန်ဆန်
နံရံတွေ စုန်ဆန်လို့ မဆုံးနိုင်သေးဘူး ........။
No comments:
Post a Comment