Wednesday, December 31, 2008

လွတ်ကျခြင်း

သူမရဲ့ တစ်ဖတ်သတ်စီရင်ခြင်းမှာ
နာကြည်းရကောင်းမှန်း မသိတဲ့
ဒဏ်ရာကို ခဏ ခဏ ခွဲကြည့်မိတယ်

ကျွန်တော်ဟာ သူမအတွက်
မလိုအပ်ဆုံးလူတစ်ယောက်ဖြစ်နေတယ်ဆိုတာ
အလိုအလျှောက် သိလိုက်ရတဲ့ အချိန်မှာ
တဖြည်းဖြည်းနဲ့
ရေဝေးတဲ့ သစ်ပင်လို
တစ်ကိုယ်စာ အရိပ်တောင် အနိုင်နိုင် ။

အချစ်တစ်ခုအတွက်
တစ်ဘ၀စာ မျှော်လင့်ချက်နဲ့
အိပ်မက် မက်ခဲ့တာ
အခုမှ
ကိုယ့်ဖာသာထိုးစိုက်မိတဲ့ ဆူးကို
ရူးသွပ်စွာ ချိုမြိန်ရင်း
သူမရဲ့ တစ်ဖတ်သတ်စီရင်ခြင်းမှာ
နာကြည်းရကောင်းမှန်း မသိတဲ့
ဒဏ်ရာကို ခဏ ခဏ ခွဲကြည့်မိတယ် ။ ။

No comments:

Post a Comment

စံတော်ချိန်

Hamster လေး ဗိုက်ဆာနေပါတယ်