နွေးထွေး ချွန်ထက်
အလင်္ကာလက်ချောင်းကလေးတွေနဲ့
နှလုံးသားကို ဟင်းလင်းပြင်ဖွင့်ခဲ့တဲ့ ကောင်မလေး
ငါ့ရဲ့ သာယာမှုလား
ချစ်သူရဲ့ ပဉ္စလက်လား
တစ်ခုခုကတော့ မှားနေပြီ ။
နွေးထွေး ချွန်ထက်
အလင်္ကာလက်ချောင်းကလေးတွေနဲ့
နှလုံးသားကို ဟင်းလင်းပြင်ဖွင့်ခဲ့တဲ့ ကောင်မလေး
နာကျင်ချိုမြိန်
ကျိန်စာကို မျိုချခဲ့သူက ငါ
အခုတော့
သေရာပါ ဒဏ်ရာတွေနဲ့
အချိန်မှန် ဖျားတတ်နေပြီ ။
ပြီးတော့
တမ်းတ တွေဝေ
သက်ပြင်းရှည် အခါခါချရအောင်
ငါ့ရဲ့နားထဲကို
နယူတန်ရဲ့ သီဝရီ လောင်းထည့်ပေးခဲ့ ။
လွဲချင်တော့
ချစ်တယ်ဆိုတာ တစ်ခုတည်းနဲ့ပဲ
လမ်းလွဲကြီးမှာ ငုတ်တုတ်ထားခဲ့တာတောင်မှ
ချစ်သူ ပြန်လာမှာပါ လို့
ငါက
လှေနံ ဓားထစ် မှတ်တုန်း ။ ။
Wednesday, December 31, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment