အသေရရ အရှင်ရရ
အမှန်တရားဆိုတာကို
တန်ဖိုးထား လေးစားမြတ်နိုးခဲ့သူပါ
တစ်ခါမှ မမှန်ဖူးပေမယ့်
ဒီတစ်ခါတော့ မှားကြည့်ပါရစေ
ဟီရိုးရှီးမားတော့မဟုတ်
ဒါပေမယ့်
ငါ့နှလုံးသား တမြေ့မြေ့လောင်မြိုက်ပြီး
အရည်ပျော်ကျ
တံဆိပ်မကပ်ဘူး
မကြေညာဘူး
အမှန်တရားအကြောင်း
ငါ့နှလုံးသွေး ဆူပွက်နေတဲ့အကြောင်း
ဆူနာမီမဟုတ်ဘူး
ပုဂံငလျင်မဟုတ်ဘူး
နန်းတော်ကြီးတစ်ဆောင်လုံး
ရေအောက်ကြမ်းပြင်ထိ
စုန်းစုန်းမြုပ်ခဲ့ရဖူးတယ်
ရပ်တည်ရာဟာ
ချာချာလည် ရမ်းခါခဲ့ရတယ်
တံဆိပ်မကပ်ဘူး
မကြေညာဘူး
အမှန်တရားအကြောင်း
ငါ့နှလုံးသွေး ဆူပွက်နေတဲ့အကြောင်း
ကြက်ငှက်တုပ်ကွေးမဟုတ်ဘူး
ပြင်းထန်နမိုးနီးယားမဟုတ်ဘူး
ဦးနှောက်အတွေးတွေထိ ပိုးဝင်ခဲ့လို့
ငါ . . .
ရူးခဲ့ရတယ်
အသေရရ အရှင်ရရ
အမှန်တရားဆိုတာကို
တန်ဖိုးထား လေးစားမြတ်နိုးခဲ့သူပါ
တစ်ခါမှ မမှန်ဖူးပေမယ့်
ဒီတစ်ခါတော့ မှားကြည့်ပါရစေ
No comments:
Post a Comment