Sunday, May 17, 2009

အဝေးပြေးဝိညာဉ်

ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။


ဆီးနှင်းထုကြီးကို စိုက်ကြည့်ဖို့
ငါရောက်လာခဲ့တာ
မင်း ငါ့ကိုမြင်နိုင်ဖို့
ကြယ်တာရာ တစ်ခုလောက်ထိ
နောက်ဆုတ်လိုက်ဦး။
အမှန်တရားဟာ
မှားမနေဘူးဆိုရင်လေ
ငါ့ဘ၀အပေါ် ငါနေထိုင်မှုဟာ
တစ်စုံတစ်ရာမမှားခဲ့ဘူးဆိုတာ
သေချာတယ်။
သွေးကတောင်းတဲ့အနမ်းမှတစ်ပါး
တခြားဘာကိုမှ မတောင်းတတဲ့နေ့တွေမှာ
မင်းကိုလည်း ငါမတောင်းတခဲ့ပါဘူး
မင်းယုံကြည်။
အသည်းအသန် ၊ အငမ်းမရ
လောဘတကြီး ငါလိုက်ရှာဖွေခဲ့ရတဲ့
ဘ၀ဖြစ်တည်မှုဆိုတာလည်း နောက်ဆုံးတော့
အလကားပဲ။
သွေးပျက်မသွားပါနဲ့
စာမျက်နှာနည်းနည်းပါးပါးလောက်
ကျော်ပြီးလှန်လိုက်စမ်းပါ
လှလှပပငါ့ဘ၀ကို မင်းတွေ့စေရမယ်
သိလား။
ကိုယ်ဘာကို ဆိုလိုတယ်ဆိုတာ
အစကတည်းက သေချာမသိခဲ့ရင်
အခုလည်းမသိဘူး
ဘယ်တော့မှလည်း သိလာမှာမဟုတ်ဘူး။
ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။
ငါဟာ
သစ္စာတရားကို ရှာဖွေနေသူ
မဟုတ်။
ငါကိုယ်တိုင်သည်ပင်
သစ္စာတရားရဲ့ ပုံဆောင်ခဲတစ်ခု
ဖြစ်ရဲ့။
အလုံးအဖန်သေးသေးရှည်ရှည် အ၀ကျဉ်းကျဉ်း
ပုလင်းအလွတ်တစ်လုံးထဲ
ပိုးလောက်လန်းတစ်ကောင် ခွေနေရသလိုမျိုး
ဖြစ်တည်မှုဟာ
အနှစ်သာရမဲ့လှချည့်။
လူအများကို ကျောခိုင်းသွားခဲ့ခြင်းမှာ
သူ့ကိုယ်သူ ပို၍ကောင်းအောင်
အားထုတ်ခြင်းလည်းဖြစ်ပေသည် . . . တဲ့
ဟိုလ်ဒါလင်အကြောင်း
ငါဖတ်မိ။
စိတ်ကူးစိတ်သန်းတွေအတောင်ပံကျိုးတဲ့ည
နောက်ပြန်ဆုတ်ခဲ့ရတဲ့ ကြည်ညိုလေးစားမှုနဲ့
ပွန်းပဲ့သွားတဲ့လေထုထဲ
မပျော်ရွှင်ပဲ ပွင့်နေရတဲ့ ပန်းတွေကြား
ငါ့အသံကို ငါပြန်ကြားမှာ
ကြောက်မိပေါ့။
ကဲကွာ
ခေါင်းလောင်းကို ငါထိုးတဲ့အချိန်မှာ
ခေါင်းလောင်းထဲကို အသံထည့်သူဟာ
ငါကိုယ်တိုင်ပါပဲ။ ။

ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။


ဆီးနှင်းထုကြီးကို စိုက်ကြည့်ဖို့
ငါရောက်လာခဲ့တာ
မင်း ငါ့ကိုမြင်နိုင်ဖို့
ကြယ်တာရာ တစ်ခုလောက်ထိ
နောက်ဆုတ်လိုက်ဦး။
အမှန်တရားဟာ
မှားမနေဘူးဆိုရင်လေ
ငါ့ဘ၀အပေါ် ငါနေထိုင်မှုဟာ
တစ်စုံတစ်ရာမမှားခဲ့ဘူးဆိုတာ
သေချာတယ်။
သွေးကတောင်းတဲ့အနမ်းမှတစ်ပါး
တခြားဘာကိုမှ မတောင်းတတဲ့နေ့တွေမှာ
မင်းကိုလည်း ငါမတောင်းတခဲ့ပါဘူး
မင်းယုံကြည်။
အသည်းအသန် ၊ အငမ်းမရ
လောဘတကြီး ငါလိုက်ရှာဖွေခဲ့ရတဲ့
ဘ၀ဖြစ်တည်မှုဆိုတာလည်း နောက်ဆုံးတော့
အလကားပဲ။
သွေးပျက်မသွားပါနဲ့
စာမျက်နှာနည်းနည်းပါးပါးလောက်
ကျော်ပြီးလှန်လိုက်စမ်းပါ
လှလှပပငါ့ဘ၀ကို မင်းတွေ့စေရမယ်
သိလား။
ကိုယ်ဘာကို ဆိုလိုတယ်ဆိုတာ
အစကတည်းက သေချာမသိခဲ့ရင်
အခုလည်းမသိဘူး
ဘယ်တော့မှလည်း သိလာမှာမဟုတ်ဘူး။
ကိုယ်ဘာကောင်ဆိုတာ
ကိုယ့်ဟာကိုယ် အသေအချာသိခဲ့ရင်
ဘယ်သူဘာကောင်ဆိုတာသိဖို့
အလွယ်လေးပါပဲ။
ငါဟာ
သစ္စာတရားကို ရှာဖွေနေသူ
မဟုတ်။
ငါကိုယ်တိုင်သည်ပင်
သစ္စာတရားရဲ့ ပုံဆောင်ခဲတစ်ခု
ဖြစ်ရဲ့။
အလုံးအဖန်သေးသေးရှည်ရှည် အ၀ကျဉ်းကျဉ်း
ပုလင်းအလွတ်တစ်လုံးထဲ
ပိုးလောက်လန်းတစ်ကောင် ခွေနေရသလိုမျိုး
ဖြစ်တည်မှုဟာ
အနှစ်သာရမဲ့လှချည့်။
လူအများကို ကျောခိုင်းသွားခဲ့ခြင်းမှာ
သူ့ကိုယ်သူ ပို၍ကောင်းအောင်
အားထုတ်ခြင်းလည်းဖြစ်ပေသည် . . . တဲ့
ဟိုလ်ဒါလင်အကြောင်း
ငါဖတ်မိ။
စိတ်ကူးစိတ်သန်းတွေအတောင်ပံကျိုးတဲ့ည
နောက်ပြန်ဆုတ်ခဲ့ရတဲ့ ကြည်ညိုလေးစားမှုနဲ့
ပွန်းပဲ့သွားတဲ့လေထုထဲ
မပျော်ရွှင်ပဲ ပွင့်နေရတဲ့ ပန်းတွေကြား
ငါ့အသံကို ငါပြန်ကြားမှာ
ကြောက်မိပေါ့။
ကဲကွာ
ခေါင်းလောင်းကို ငါထိုးတဲ့အချိန်မှာ
ခေါင်းလောင်းထဲကို အသံထည့်သူဟာ
ငါကိုယ်တိုင်ပါပဲ။ ။

Read More...

အနာဂတ်သို့ ဆုတ်ခွာခြင်း

ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။


သွေးရူးသွေးတမ်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့
မင်းနှလုံးသားဆီအရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီးဟန်နီဘောလည်းဟုတ်ရဲ့။
မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး
ဘ၀ရဲ့တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါရောက်လာခဲ့ရ။
အမှန်တရားရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေသလိုမျိုးပေါ့လေ
ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကို တင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့။
တကယ့်ကို
ပါးပါးလွှာလွှာလေးလွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့တစ်ဘ၀လုံးဝေးခဲ့ကြရ။
အနာဂတ်ဟာ
ဘယ်တော့မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး
ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။
စက်ဝိုင်းလိုပျံသန်းနေတဲ့
အချိန်တွေရဲ့လောင်ကျွမ်းမှုထဲ
မရေရာတဲ့ဘ၀တွေကို ပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား။
မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ ပြောင်းပြန်လှန်ပြီးစိုက်ထားတဲ့
ပိရမစ်ကြီးတစ်ခုလို
တဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့လွဲမှားခဲ့သူပါ။
ဇာတ်သိမ်းခန်းမှာတော့
ပင်လယ်ကမ်းခြေအတုတစ်ခုမှာ
ရမ်ပုလင်းအစစ်တစ်လုံးကို
မော့သောက်ပစ်လိုက်ရဲ့။ ။

ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။


သွေးရူးသွေးတမ်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့
မင်းနှလုံးသားဆီအရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီးဟန်နီဘောလည်းဟုတ်ရဲ့။
မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး
ဘ၀ရဲ့တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါရောက်လာခဲ့ရ။
အမှန်တရားရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေသလိုမျိုးပေါ့လေ
ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကို တင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့။
တကယ့်ကို
ပါးပါးလွှာလွှာလေးလွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့တစ်ဘ၀လုံးဝေးခဲ့ကြရ။
အနာဂတ်ဟာ
ဘယ်တော့မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး
ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။
စက်ဝိုင်းလိုပျံသန်းနေတဲ့
အချိန်တွေရဲ့လောင်ကျွမ်းမှုထဲ
မရေရာတဲ့ဘ၀တွေကို ပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား။
မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ ပြောင်းပြန်လှန်ပြီးစိုက်ထားတဲ့
ပိရမစ်ကြီးတစ်ခုလို
တဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့လွဲမှားခဲ့သူပါ။
ဇာတ်သိမ်းခန်းမှာတော့
ပင်လယ်ကမ်းခြေအတုတစ်ခုမှာ
ရမ်ပုလင်းအစစ်တစ်လုံးကို
မော့သောက်ပစ်လိုက်ရဲ့။ ။

Read More...

နှင်းဦးဝတ်မှုန် ရင်ခုန်ဇာတ်လမ်းအလွမ်းဒဏ္ဍာရီ

အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


နှင်းဦးကလေးတွေ ပုလဲလိုကြွေကျအေးမြနေတဲ့
တက္ကသိုလ်တစ်ခုရဲ့ မိုးလင်းစ နေ့လေးတစ်နေ့မှာ
နေခြည်သွေးနဲ့ တေးဆိုလန်းဆန်း
ငွေရည်နှင်းစက်လေးတွေနဲ့ တောက်ပအေးချမ်း
တစ်လောကလုံး
ရောင်စုံပန်းကလေးတွေလွှမ်းနေချိန်
ဘ၀ရဲ့ အချိုမြိန်ဆုံးအနှစ်သာရ
ပန်းကလေးတစ်ပွင့််က နှလုံးသားထဲ
ဖော်ကွဲစီးဝင်လာတယ် . . . . ။

အထီးကျန်ခြင်းနဲ့ ပျင်းရိငြီးငွေ့စွာ
နှစ်ရှည်လများ အိပ်ပျော်နေတဲ့ နှလုံးသားကတော့
ပန်းကလေးရဲ့ ရနံ့မှာ ရုန်းကြွဖျတ်လတ်
ဆတ်ခနဲလူးလဲအထ
ကိုယ့်ရင်ဟာ ဖွဖွကလေးနာကျင်လို့
အချစ်ကို ပထမဆုံးသင်ခွင့်ရလိုက်ပါတယ်။

အဲဒီလို
ကျောင်းဖွင့်စနှစ်ဦးကလေးတွေနဲ့ အတူတွေ့ခဲ့ရသော
ဆောင်းနှင်းလေပြည်များကြားက
ပန်းကလေးတစ်ပွင့်ပေမို့
စွဲလမ်းလို့ပဲဖြစ်ဖြစ်၊ နှစ်သက်လို့ပဲ ဆိုဆို
ရင်ထဲမှာ အချိုဆုံးအတွေးလေးတွေနဲ့
ဖြည်းဖြည်းကလေးခေါ်ကြည့်လိုက်မိတယ်
နှင်းဦးဝတ်မှုန် . . . . . . . . . . . . . . .
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
နှင်းဦးဝတ်မှုန်ရေ
ဒီနာမည်ကလေးနဲ့ပဲ
ကိုယ့်ရင်ကမ္ဘာအလုံးစုံကို
သင်းပျံ့မွှေးထုံနေစေပါတော့တယ်။

ခုတော့
စားလည်းဒီစိတ် သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့် သူရှိနေတဲ့စိတ်ဟာ
ဘာကိုမှမတွေး
တိတ်တိတ်ကလေးနေပြန်တော့လည်း
နှလုံးသားထဲ လှိုက်လှိုက်ခုန်
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန် တဲ့လေ။

ပန်းကလေးရေ
နူးညံ့သလောက်ညင်သာအေးချမ်းလွန်းပါရဲ့
လှကသလောက်သိမ်မွေ့တည်ကြည်လွန်းပါရဲ့
မွှေးမြသလောက်သစ်လွင်လန်းဆန်းလွန်းပါရဲ့
ဒါပေမယ့်
ငြိမ်သက်တိတ်ဆိတ် ၀တ်မှုန်ကလေးတွေဖိတ်မှာ
စိုးသလား
ကြည်သာပျောင်းနွဲ့ ၀တ်လွှာလေးတွေပဲ့မှာစိုးသလား
မင်းအပြုံးလေးတွေက ဓားဆိုရင်
ငါ့ရင်ခွင်ကို စိုက်ဝင်လှည့်ပါလား
မင်းအကြည့်လေးတွေက တရားဆိုရင်
အထီးကျန်နေတဲ့ ငါ့ရင်ခွင်အား
ကျွတ်တန်းဝင်ခွင့် ပေးသနားလှည့်ပါလား။

တစ်နေ့သောအခါ
ကမ္ဘာလောကရဲ့ အရပ်လေးမျက်နှာဟာ
ရင့်ဖြာဝင်းမှည့်
ရနံ့ပေါင်းစုံနဲ့ ချိုမြိန်နေတဲ့အချိန်ပေါ့
ပန်းကလေးတစ်ပွင့်ရဲ့ နှုတ်ဖျားက
ကျွန်တော့်ပန်းကလေးနှင်းဦးဝတ်မှုန်ရဲ့ နှုတ်ဖျားက
စကားလိုလို
တေးသံချိုချိုအနုအလှအဆင်တန်ဆာနဲ့
သမုဒယကို အလင်္ကာဖွဲ့ဆိုခဲ့ပါတယ်။

“တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်ရင်တမ်းတ
လွမ်းရတယ်ကွယ် . . .
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရင်တော့
တွေးကြည့်ပေါ့ ကိုကိုရယ် . . . ” တဲ့။

အဲဒီနေ့ကစလို့
အထီးကျန်ခြင်းစာမျက်နှာဟာ
တဖွဲတဖွဲရွာနေတဲ့ သိင်္ဂါရနှင်းနုနုလေးတွေစိုရွှဲလို့
တဖြည်းတဖြည်းနွမ်းရိစုတ်ပြဲရာကအစ
နှလုံးသားမှာ
အချစ်ကို ရရှိခဲ့ပါတော့တယ်။


နှင်းကလေးတွေ တဖွဲဖွဲကျတဲ့အခါ
နှင်းဖွဲဖွဲခရေလမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
နေခြည်လေးနွေးထွေးလက်တဲ့အခါ
နေခြည်ဖြာကံ့ကော်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
မိုးကလေးတွေ တဖွဲဖွဲစွေတဲ့အခါ
မိုးစွေစွေပိတောက်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်။


လေပြည်ကလေးဆော့သွေးတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ အသာအယာပြုံးလို့
တိမ်စိုင်လေးတွေ တရွေ့ရွေ့သွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ ပခုံးထက်မှာ ခိုတွယ်လို့
ငှက်ကလေးတွေ ဖြတ်ပျံသွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ တခစ်ခစ်ရယ်မောပျော်ရွှင်လို့
ကျွန်တော်တို့ သင်ယူတတ်မြောက်ခဲ့တဲ့ အချစ်ဟာ
တွေ့မြင်လေရာကြည်နူးပီတိနဲ့
စကြာဝဠာတစ်ခုလုံး နှစ်ယောက်တည်းရှိတဲ့အဖြစ်
ခုပြန်တွေးလည်း စိတ်မညစ်ပါဘူး . . . . ။


အို . . . အကြောင်းတရားနဲ့စခဲ့တဲ့ ကမ္ဘာလောက
ကြည်နူးခြင်းမှာ ချစ်ခြင်းမေတ္တာကို ကျွန်တော်ရခဲ့ပါတယ်
အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


အကြောင်းအကျိုးအကောင်းအဆိုး
ကြည်နူးခြင်း ကြေကွဲခြင်း
အချစ်နဲ့အမုန်း
သံသရာတစ်ခုလုံးထွေးလုံးရစ်ပတ်
ဟောဒီကမ္ဘာမြေမရပ်သရွေ့
ကျွန်တော်သူ့ကိုမမေ့ပါ။


အိပ်ရာဝင်တိုင်း
မဆိုင်းမတွ
ကျွန်တော်တို့ သိပ်ချစ်ကြတဲ့ အတိတ်ရက်ဆွဲတစ်ခု
နှလုံးသားက ခုထိကျွမ်းဝင်
တွေးတိုင်းနာကျင်ရတဲ့အဖြစ်
စစ်မှန်တဲ့အချစ်ဟာ ဒီလိုခွဲခွါရခြင်းလား။


ပုလဲလိုနှင်းဦးကလေးတွေဟာ
ဟိုးအတိတ်တစ်ခါက မိုးလင်းစနေ့ကလေးလို
တေးဆိုဖြာကျနေတုန်းမှာ
နှင်းမျက်ရည်ခရေလမ်းထက်
ပန်းကလေးဟာ ကြွေသက်နေရှာပေါ့။


လေပြည်လေညင်းတိမ်စိုင်တိမ်လိပ်နဲ့
ငှက်ကလေးများသာ ပေါ့ပါးလွတ်လပ်စွာပျံသန်းသွားးကြပေါ့
ကျွန်တော့်ရဲ့နှင်းဦးဝတ်မှုန်လေးခမျာသာ
နှင်းဦးကလေးတွေ ရွှဲရွှဲနစ်
ကမ္ဘာလောကကို ပစ်ပယ်ရှာ
ဘယ်ကံကြမ္မာရဲ့ ဓားချက်ပါလိမ့်။


တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်အောင်မဝေးချင်တဲ့ ပန်းကလေးနဲ့မှ
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရတဲ့အဖြစ်ဆိုး
ဘယ်အရာကို ငြှိုးဖွဲ့ရတော့မလဲ
ဒီတစ်သံသရာလုံးလွဲပြီပေါ့ကွယ်။


ခုတော့
စားလည်းဒီစိတ်
သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့်
သူရှိနေတဲ့ စိတ္တဇဟာ
ဘာကိုမှမတွေး
တစ်လောကလုံးဝေးတဲ့ နာကျင်မှုအဟုန်ဟာ
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
ပါပဲလေ။


နူးညံ့သလောက်ညင်သာအေးချမ်း
လှပသလောက်သိမ်မွေ့တည်ကြည်
မွှေးမြသလောက်သစ်လွင်လန်းဆန်း
နှင်းဦးဝတ်မှုန်ဆိုတဲ့
ကျွန်တော့်ရင်ထဲက ပန်းကလေးကိုမမေ့သမျှ
ဟောဒီစကြာဝဠာအမှောင်တိုက်မှာ
အထီးကျန်ခြင်းနဲ့သာ
ထာဝရလောင်မြိုက်ပါတော့မယ်။


သံသရာမဆုံးသရွေ့
ကံကြမ္မာမုန်းမေ့လို့ပဲဖြစ်ဖြစ်
ထာဝရခွဲခွါရတဲ့အချစ်မျိုး
ဘယ်တော့မှ တို့တွေအဖြစ်မဆိုးရစေနဲ့
နှင်းဦးဝတ်မှုန် ရေ။

အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


နှင်းဦးကလေးတွေ ပုလဲလိုကြွေကျအေးမြနေတဲ့
တက္ကသိုလ်တစ်ခုရဲ့ မိုးလင်းစ နေ့လေးတစ်နေ့မှာ
နေခြည်သွေးနဲ့ တေးဆိုလန်းဆန်း
ငွေရည်နှင်းစက်လေးတွေနဲ့ တောက်ပအေးချမ်း
တစ်လောကလုံး
ရောင်စုံပန်းကလေးတွေလွှမ်းနေချိန်
ဘ၀ရဲ့ အချိုမြိန်ဆုံးအနှစ်သာရ
ပန်းကလေးတစ်ပွင့််က နှလုံးသားထဲ
ဖော်ကွဲစီးဝင်လာတယ် . . . . ။

အထီးကျန်ခြင်းနဲ့ ပျင်းရိငြီးငွေ့စွာ
နှစ်ရှည်လများ အိပ်ပျော်နေတဲ့ နှလုံးသားကတော့
ပန်းကလေးရဲ့ ရနံ့မှာ ရုန်းကြွဖျတ်လတ်
ဆတ်ခနဲလူးလဲအထ
ကိုယ့်ရင်ဟာ ဖွဖွကလေးနာကျင်လို့
အချစ်ကို ပထမဆုံးသင်ခွင့်ရလိုက်ပါတယ်။

အဲဒီလို
ကျောင်းဖွင့်စနှစ်ဦးကလေးတွေနဲ့ အတူတွေ့ခဲ့ရသော
ဆောင်းနှင်းလေပြည်များကြားက
ပန်းကလေးတစ်ပွင့်ပေမို့
စွဲလမ်းလို့ပဲဖြစ်ဖြစ်၊ နှစ်သက်လို့ပဲ ဆိုဆို
ရင်ထဲမှာ အချိုဆုံးအတွေးလေးတွေနဲ့
ဖြည်းဖြည်းကလေးခေါ်ကြည့်လိုက်မိတယ်
နှင်းဦးဝတ်မှုန် . . . . . . . . . . . . . . .
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
နှင်းဦးဝတ်မှုန်ရေ
ဒီနာမည်ကလေးနဲ့ပဲ
ကိုယ့်ရင်ကမ္ဘာအလုံးစုံကို
သင်းပျံ့မွှေးထုံနေစေပါတော့တယ်။

ခုတော့
စားလည်းဒီစိတ် သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့် သူရှိနေတဲ့စိတ်ဟာ
ဘာကိုမှမတွေး
တိတ်တိတ်ကလေးနေပြန်တော့လည်း
နှလုံးသားထဲ လှိုက်လှိုက်ခုန်
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန် တဲ့လေ။

ပန်းကလေးရေ
နူးညံ့သလောက်ညင်သာအေးချမ်းလွန်းပါရဲ့
လှကသလောက်သိမ်မွေ့တည်ကြည်လွန်းပါရဲ့
မွှေးမြသလောက်သစ်လွင်လန်းဆန်းလွန်းပါရဲ့
ဒါပေမယ့်
ငြိမ်သက်တိတ်ဆိတ် ၀တ်မှုန်ကလေးတွေဖိတ်မှာ
စိုးသလား
ကြည်သာပျောင်းနွဲ့ ၀တ်လွှာလေးတွေပဲ့မှာစိုးသလား
မင်းအပြုံးလေးတွေက ဓားဆိုရင်
ငါ့ရင်ခွင်ကို စိုက်ဝင်လှည့်ပါလား
မင်းအကြည့်လေးတွေက တရားဆိုရင်
အထီးကျန်နေတဲ့ ငါ့ရင်ခွင်အား
ကျွတ်တန်းဝင်ခွင့် ပေးသနားလှည့်ပါလား။

တစ်နေ့သောအခါ
ကမ္ဘာလောကရဲ့ အရပ်လေးမျက်နှာဟာ
ရင့်ဖြာဝင်းမှည့်
ရနံ့ပေါင်းစုံနဲ့ ချိုမြိန်နေတဲ့အချိန်ပေါ့
ပန်းကလေးတစ်ပွင့်ရဲ့ နှုတ်ဖျားက
ကျွန်တော့်ပန်းကလေးနှင်းဦးဝတ်မှုန်ရဲ့ နှုတ်ဖျားက
စကားလိုလို
တေးသံချိုချိုအနုအလှအဆင်တန်ဆာနဲ့
သမုဒယကို အလင်္ကာဖွဲ့ဆိုခဲ့ပါတယ်။

“တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်ရင်တမ်းတ
လွမ်းရတယ်ကွယ် . . .
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရင်တော့
တွေးကြည့်ပေါ့ ကိုကိုရယ် . . . ” တဲ့။

အဲဒီနေ့ကစလို့
အထီးကျန်ခြင်းစာမျက်နှာဟာ
တဖွဲတဖွဲရွာနေတဲ့ သိင်္ဂါရနှင်းနုနုလေးတွေစိုရွှဲလို့
တဖြည်းတဖြည်းနွမ်းရိစုတ်ပြဲရာကအစ
နှလုံးသားမှာ
အချစ်ကို ရရှိခဲ့ပါတော့တယ်။


နှင်းကလေးတွေ တဖွဲဖွဲကျတဲ့အခါ
နှင်းဖွဲဖွဲခရေလမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
နေခြည်လေးနွေးထွေးလက်တဲ့အခါ
နေခြည်ဖြာကံ့ကော်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်
မိုးကလေးတွေ တဖွဲဖွဲစွေတဲ့အခါ
မိုးစွေစွေပိတောက်လမ်းထက်မှာ
နှင်းဦးဝတ်မှုန်လည်းပါတယ်။


လေပြည်ကလေးဆော့သွေးတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ အသာအယာပြုံးလို့
တိမ်စိုင်လေးတွေ တရွေ့ရွေ့သွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ ပခုံးထက်မှာ ခိုတွယ်လို့
ငှက်ကလေးတွေ ဖြတ်ပျံသွားတဲ့အခါ
နှင်းဦးဝတ်မှုန်ဟာ တခစ်ခစ်ရယ်မောပျော်ရွှင်လို့
ကျွန်တော်တို့ သင်ယူတတ်မြောက်ခဲ့တဲ့ အချစ်ဟာ
တွေ့မြင်လေရာကြည်နူးပီတိနဲ့
စကြာဝဠာတစ်ခုလုံး နှစ်ယောက်တည်းရှိတဲ့အဖြစ်
ခုပြန်တွေးလည်း စိတ်မညစ်ပါဘူး . . . . ။


အို . . . အကြောင်းတရားနဲ့စခဲ့တဲ့ ကမ္ဘာလောက
ကြည်နူးခြင်းမှာ ချစ်ခြင်းမေတ္တာကို ကျွန်တော်ရခဲ့ပါတယ်
အို . . . အကျိုးတရားနဲ့ အဆုံးသတ်တဲ့ ကမ္ဘာလောက
ကြေကွဲခြင်းမှာ ချစ်ခြင်းမေတ္တာကို
ကျွန်တော်တစ်ခန်းရပ်ရပြီ


အကြောင်းအကျိုးအကောင်းအဆိုး
ကြည်နူးခြင်း ကြေကွဲခြင်း
အချစ်နဲ့အမုန်း
သံသရာတစ်ခုလုံးထွေးလုံးရစ်ပတ်
ဟောဒီကမ္ဘာမြေမရပ်သရွေ့
ကျွန်တော်သူ့ကိုမမေ့ပါ။


အိပ်ရာဝင်တိုင်း
မဆိုင်းမတွ
ကျွန်တော်တို့ သိပ်ချစ်ကြတဲ့ အတိတ်ရက်ဆွဲတစ်ခု
နှလုံးသားက ခုထိကျွမ်းဝင်
တွေးတိုင်းနာကျင်ရတဲ့အဖြစ်
စစ်မှန်တဲ့အချစ်ဟာ ဒီလိုခွဲခွါရခြင်းလား။


ပုလဲလိုနှင်းဦးကလေးတွေဟာ
ဟိုးအတိတ်တစ်ခါက မိုးလင်းစနေ့ကလေးလို
တေးဆိုဖြာကျနေတုန်းမှာ
နှင်းမျက်ရည်ခရေလမ်းထက်
ပန်းကလေးဟာ ကြွေသက်နေရှာပေါ့။


လေပြည်လေညင်းတိမ်စိုင်တိမ်လိပ်နဲ့
ငှက်ကလေးများသာ ပေါ့ပါးလွတ်လပ်စွာပျံသန်းသွားးကြပေါ့
ကျွန်တော့်ရဲ့နှင်းဦးဝတ်မှုန်လေးခမျာသာ
နှင်းဦးကလေးတွေ ရွှဲရွှဲနစ်
ကမ္ဘာလောကကို ပစ်ပယ်ရှာ
ဘယ်ကံကြမ္မာရဲ့ ဓားချက်ပါလိမ့်။


တစ်နေ့တစ်ရက်တောင်မှ
အတွေ့ခက်အောင်မဝေးချင်တဲ့ ပန်းကလေးနဲ့မှ
နေ့ရက်များစွာ
တစ်ကမ္ဘာဝေးရတဲ့အဖြစ်ဆိုး
ဘယ်အရာကို ငြှိုးဖွဲ့ရတော့မလဲ
ဒီတစ်သံသရာလုံးလွဲပြီပေါ့ကွယ်။


ခုတော့
စားလည်းဒီစိတ်
သွားလည်းဒီအရိပ်
အိပ်လည်းသူပါ
ဘယ်အရာကြည့်ကြည့်
သူရှိနေတဲ့ စိတ္တဇဟာ
ဘာကိုမှမတွေး
တစ်လောကလုံးဝေးတဲ့ နာကျင်မှုအဟုန်ဟာ
နှင်း ဦး ၀တ် မှုန်
နှင်း ဦး ၀တ် မှုန်
ပါပဲလေ။


နူးညံ့သလောက်ညင်သာအေးချမ်း
လှပသလောက်သိမ်မွေ့တည်ကြည်
မွှေးမြသလောက်သစ်လွင်လန်းဆန်း
နှင်းဦးဝတ်မှုန်ဆိုတဲ့
ကျွန်တော့်ရင်ထဲက ပန်းကလေးကိုမမေ့သမျှ
ဟောဒီစကြာဝဠာအမှောင်တိုက်မှာ
အထီးကျန်ခြင်းနဲ့သာ
ထာဝရလောင်မြိုက်ပါတော့မယ်။


သံသရာမဆုံးသရွေ့
ကံကြမ္မာမုန်းမေ့လို့ပဲဖြစ်ဖြစ်
ထာဝရခွဲခွါရတဲ့အချစ်မျိုး
ဘယ်တော့မှ တို့တွေအဖြစ်မဆိုးရစေနဲ့
နှင်းဦးဝတ်မှုန် ရေ။

Read More...

Thursday, January 22, 2009

အပူသည်

မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလိုပဲ သက်ဆင်းခဲ့၊
သိပ်တော့မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က


အသစ်မဟုတ်တဲ့
နေရောင်နဲ့ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ။

ကျွန်တော် အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက . . .
မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။

လေကလည်း တဟူးဟူးတိုက်နေရဲ့
နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်က
တစာစာအာနေလေရဲ့၊
အလွမ်းတွေ ဖွာလန်ကျဲလို့ . . .

မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလိုပဲ သက်ဆင်းခဲ့၊
သိပ်တော့မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။

ရေတံခွန်အောက်ဝင်လည်း အပိုပဲ ။

နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး . . .
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်။

မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့ ။ ။

မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလိုပဲ သက်ဆင်းခဲ့၊
သိပ်တော့မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က


အသစ်မဟုတ်တဲ့
နေရောင်နဲ့ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ။

ကျွန်တော် အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက . . .
မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။

လေကလည်း တဟူးဟူးတိုက်နေရဲ့
နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်က
တစာစာအာနေလေရဲ့၊
အလွမ်းတွေ ဖွာလန်ကျဲလို့ . . .

မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလိုပဲ သက်ဆင်းခဲ့၊
သိပ်တော့မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။

ရေတံခွန်အောက်ဝင်လည်း အပိုပဲ ။

နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး . . .
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်။

မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့ ။ ။

Read More...

Saturday, January 3, 2009

စီးဆင်းနေဦးမယ့် မြစ်တစ်စင်း

ဒီတော့
ငါ့ကို ကျောက်ရုပ်မလုပ်ခိုင်းပါနဲ့
ပြီးတော့ . . .


နေ့ရက်တွေကို ရေတွက်နေတာ ငါမဟုတ်ဘူး
မင်းတို့ရဲ့ အတ္တနဲ့ အပြစ်ရှာ မေတ္တာမဲ့လုပ်ရပ်တွေအတွက်
ငါ ၀မ်းနည်းတယ် ။

စာပေဟာ ငါ့ဘဝ
ဂီတဟာ ငါ့အသက်
ငါဖြတ်သန်းခဲ့တဲ့ နယ်ပယ်အတွက် ငါပေးဆပ်မယ်
ငါ သိမ်းပိုက်နေတာ မဟုတ်ဘူး
ငါ ပေးဝေနေတာ
ငါ ဘယ်တော့မှ ကျောက်ရုပ် မလုပ်ဘူး ။

ငါ့ဘ၀ကို ဇောက်ထိုးလုပ်
ငါ့ သိက္ခာကို မြေချ
အသေသတ်နေတဲ့ မင်းတို့
စာပေနဲ့ ဂီတကိုတော့ မသတ်နိုင်ပါဘူး
ငါ့ရင်ထဲက မြစ်တစ်စင်းကို
မင်တို့ ဘာနဲ့ တားဆီးမလဲ ။

ငါလုပ်တဲ့ အလုပ်ကို ငါနားလည်တယ်
မင်းတို့ နားမလည်တဲ့ စီးဆင်းမှုတစ်ခုကို
ဘာနဲ့ တားဆီးမလဲ
ဒီတော့
ငါ့ကို ကျောက်ရုပ်မလုပ်ခိုင်းပါနဲ့
ပြီးတော့
ငါဟာ ကြိုးဆွဲရာကရမယ့် ရုပ်သေးမဟုတ်ဘူး ။

အရာရာကို ဇောက်ထိုးမြင်နေတဲ့
မင်တို့က ဘာလဲ ။

ငါ့ စာပေ အစော်ကားခံခဲ့ရတယ်
ငါ့ စေတနာ ကျူးကျော်ခံခဲ့ရတယ်
ငါလေ
ဒဏ်ရာတွေကို မြစ်ထဲ ထည့်ခဲ့ရတယ်
ငါ့ မြစ်မှာ အရောင်တစ်ခု ရောသွားရပြီ ။

ငါ ဆက်ရေးနေဦးမယ်
ငါ ဆက်ရှင်သန်နေဦးမယ်
ငါ့ မနက်ဖြန်တွေနဲ့
မြစ်တစ်စင်းကတော့ စီးဆင်းနေဆဲ
ကဲ.......
မင်းတို့ တားဆီးကြဦးမလား ။

အနုပညာကို
လုပ်ချင်တိုင်း လက်ဝါးကြီးအုပ်လို့ မရဘူးဆိုတာ
......................................
ငါနောက်ထပ် ပြောဦးမယ်...
ငါ ကျောက်ရုပ်မဟုတ်ဘူး
ဆက်ပြောဦးမယ်...
အဓိပ္ပါယ်မရှိတဲ့
တားမြစ်မှုအတွက်တော့
ငါ့ မြစ်က ရပ်တန့်သွားမှာ မဟုတ်ဘူး ။ ။

ဒီတော့
ငါ့ကို ကျောက်ရုပ်မလုပ်ခိုင်းပါနဲ့
ပြီးတော့ . . .


နေ့ရက်တွေကို ရေတွက်နေတာ ငါမဟုတ်ဘူး
မင်းတို့ရဲ့ အတ္တနဲ့ အပြစ်ရှာ မေတ္တာမဲ့လုပ်ရပ်တွေအတွက်
ငါ ၀မ်းနည်းတယ် ။

စာပေဟာ ငါ့ဘဝ
ဂီတဟာ ငါ့အသက်
ငါဖြတ်သန်းခဲ့တဲ့ နယ်ပယ်အတွက် ငါပေးဆပ်မယ်
ငါ သိမ်းပိုက်နေတာ မဟုတ်ဘူး
ငါ ပေးဝေနေတာ
ငါ ဘယ်တော့မှ ကျောက်ရုပ် မလုပ်ဘူး ။

ငါ့ဘ၀ကို ဇောက်ထိုးလုပ်
ငါ့ သိက္ခာကို မြေချ
အသေသတ်နေတဲ့ မင်းတို့
စာပေနဲ့ ဂီတကိုတော့ မသတ်နိုင်ပါဘူး
ငါ့ရင်ထဲက မြစ်တစ်စင်းကို
မင်တို့ ဘာနဲ့ တားဆီးမလဲ ။

ငါလုပ်တဲ့ အလုပ်ကို ငါနားလည်တယ်
မင်းတို့ နားမလည်တဲ့ စီးဆင်းမှုတစ်ခုကို
ဘာနဲ့ တားဆီးမလဲ
ဒီတော့
ငါ့ကို ကျောက်ရုပ်မလုပ်ခိုင်းပါနဲ့
ပြီးတော့
ငါဟာ ကြိုးဆွဲရာကရမယ့် ရုပ်သေးမဟုတ်ဘူး ။

အရာရာကို ဇောက်ထိုးမြင်နေတဲ့
မင်တို့က ဘာလဲ ။

ငါ့ စာပေ အစော်ကားခံခဲ့ရတယ်
ငါ့ စေတနာ ကျူးကျော်ခံခဲ့ရတယ်
ငါလေ
ဒဏ်ရာတွေကို မြစ်ထဲ ထည့်ခဲ့ရတယ်
ငါ့ မြစ်မှာ အရောင်တစ်ခု ရောသွားရပြီ ။

ငါ ဆက်ရေးနေဦးမယ်
ငါ ဆက်ရှင်သန်နေဦးမယ်
ငါ့ မနက်ဖြန်တွေနဲ့
မြစ်တစ်စင်းကတော့ စီးဆင်းနေဆဲ
ကဲ.......
မင်းတို့ တားဆီးကြဦးမလား ။

အနုပညာကို
လုပ်ချင်တိုင်း လက်ဝါးကြီးအုပ်လို့ မရဘူးဆိုတာ
......................................
ငါနောက်ထပ် ပြောဦးမယ်...
ငါ ကျောက်ရုပ်မဟုတ်ဘူး
ဆက်ပြောဦးမယ်...
အဓိပ္ပါယ်မရှိတဲ့
တားမြစ်မှုအတွက်တော့
ငါ့ မြစ်က ရပ်တန့်သွားမှာ မဟုတ်ဘူး ။ ။

Read More...

အဝေးကမြို့ကလေး (သို့) အလွမ်းမိုင် ၅၂၈

ငါ့ကဗျာအိမ်ကလေးထဲက မြို့ကလေးရေ
မင်းနဲ့ငါ ကျိန်စာဆန်ဆန်
နံရံတွေ စုန်ဆန်လို့ မဆုံးနိုင်သေးဘူး ........။


မိုးသားတွေ တလိပ်လိပ် ဒီရေတက်သလို
ဆန္ဒခူးအလွမ်းတွေနဲ့ ခိုးခိုးနမ်းနေရ.......
ကြယ်ပွင့်ဆိပ်ကမ်းသစ်ကလေးရဲ့ အိပ်မက်
အဝေးပြေးလမ်းမတွေ ရွက်လွှင့်ထွက်ခွာ
ခေါက်ရိုးဖွဲ့ နှင်းကြွင်းအတ္ထုပ္ပတ္တိ
ခြုံးပွဲချ ချွေးစက်ရွှဲစို
အဇ္ဈတ္တရသမြစ် လှိုင်းကြက်ခွပ်စိတ် ပစ်ကူးမေးတင်ခဲ့......
နို့ရည်မစင်သေးတဲ့သွား
စိတ်ကူးတွေ ဖားလျားချညနေ
ကြိုးညှိဘ၀ ဘိုးတံနဲ့
လောကဓံကို ခရီးဦးကြို သီကျူးပစ်ခဲ့....
အနုပညာ မြင်းခွာသံနဲ့
လေချွန်ခွင့် ဗီဇာ
ကိုယ့်အရှိုးရာနဲ့ကိုယ်
ကိုယ့်ကြာပွတ်နဲ့ကိုယ်
အခိုးရိုက်ခဲ့...........
ငါ့ကဗျာအိမ်ကလေးထဲက မြို့ကလေးရေ
မင်းနဲ့ငါ ကျိန်စာဆန်ဆန်
နံရံတွေ စုန်ဆန်လို့ မဆုံးနိုင်သေးဘူး ........။

ငါ့ကဗျာအိမ်ကလေးထဲက မြို့ကလေးရေ
မင်းနဲ့ငါ ကျိန်စာဆန်ဆန်
နံရံတွေ စုန်ဆန်လို့ မဆုံးနိုင်သေးဘူး ........။


မိုးသားတွေ တလိပ်လိပ် ဒီရေတက်သလို
ဆန္ဒခူးအလွမ်းတွေနဲ့ ခိုးခိုးနမ်းနေရ.......
ကြယ်ပွင့်ဆိပ်ကမ်းသစ်ကလေးရဲ့ အိပ်မက်
အဝေးပြေးလမ်းမတွေ ရွက်လွှင့်ထွက်ခွာ
ခေါက်ရိုးဖွဲ့ နှင်းကြွင်းအတ္ထုပ္ပတ္တိ
ခြုံးပွဲချ ချွေးစက်ရွှဲစို
အဇ္ဈတ္တရသမြစ် လှိုင်းကြက်ခွပ်စိတ် ပစ်ကူးမေးတင်ခဲ့......
နို့ရည်မစင်သေးတဲ့သွား
စိတ်ကူးတွေ ဖားလျားချညနေ
ကြိုးညှိဘ၀ ဘိုးတံနဲ့
လောကဓံကို ခရီးဦးကြို သီကျူးပစ်ခဲ့....
အနုပညာ မြင်းခွာသံနဲ့
လေချွန်ခွင့် ဗီဇာ
ကိုယ့်အရှိုးရာနဲ့ကိုယ်
ကိုယ့်ကြာပွတ်နဲ့ကိုယ်
အခိုးရိုက်ခဲ့...........
ငါ့ကဗျာအိမ်ကလေးထဲက မြို့ကလေးရေ
မင်းနဲ့ငါ ကျိန်စာဆန်ဆန်
နံရံတွေ စုန်ဆန်လို့ မဆုံးနိုင်သေးဘူး ........။

Read More...

နွေ

နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့


နွေ.....
လေရူးစေတဲ့ နွေ
ညွန့်ဖူးဝေတဲ့ နွေ
ပွင့်ဦးခြွေတဲ့ နွေ ..... ။
သည်နွေထဲမှာမှ ကိုယ့်မေတ္တာပန်းတစ်ပွင့်က
ပွင့်လန်းကြိုင်ဝေ.....။
ပွင့်ဖူးရယ်ဝေမှ
လေရူးကိုစေ
ရာသီရင့်လေတော့...
နွေမူး မူးလို့လား
လေရူးမြူးလို့လား
ကိုယ့်ပွင့်ဦးကပဲ
ရင်ထဲမှာ ညှာတံလှစ်
ကြွေသက်ခဲ့လေသလား
နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့
(မေရယ်) ကြွေခဲ့ပါပေါ့.......။ ။
လင်းဦး (စိတ်ပညာ)

နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့


နွေ.....
လေရူးစေတဲ့ နွေ
ညွန့်ဖူးဝေတဲ့ နွေ
ပွင့်ဦးခြွေတဲ့ နွေ ..... ။
သည်နွေထဲမှာမှ ကိုယ့်မေတ္တာပန်းတစ်ပွင့်က
ပွင့်လန်းကြိုင်ဝေ.....။
ပွင့်ဖူးရယ်ဝေမှ
လေရူးကိုစေ
ရာသီရင့်လေတော့...
နွေမူး မူးလို့လား
လေရူးမြူးလို့လား
ကိုယ့်ပွင့်ဦးကပဲ
ရင်ထဲမှာ ညှာတံလှစ်
ကြွေသက်ခဲ့လေသလား
နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့
(မေရယ်) ကြွေခဲ့ပါပေါ့.......။ ။
လင်းဦး (စိတ်ပညာ)

Read More...

နရီစည်းဝါးမကိုက်တဲ့ အလွမ်းည

ချစ်သူရေ....
လွမ်းခန်းတွေထဲက ဒီလိုညဟာ
ညဥ့်ယံထဲက လူတစ်ယောက်ကို
ချောက်ခြားနေစေရဲ့...


ငါ့ ညမှာ ပြာရီသစ်ခွ ပွင့်မလား
ဒါမှမဟုတ် ကဗျာထဲက အလင်းတန်းတွေနဲ့
ဒီလိုညကို ထုဆစ်ရှင်သန်နေရမလား..........
ပုစ္ဆာတစ်ပုဒ်လို ငါ့ကို မမေးပါနဲ့
အပြစ်ကင်းစင်တဲ့ ချစ်သူရဲ့ မျက်နှာကို
ငေးကြည့်ချင်တာ ငါ့မှာအပြစ်ရှိပါရဲ့လား
ငါ့ ခံစားချက်ကို နားလည်ပေးပါ...။

ရစ်ဖွဲ့လာတဲ့ သံယောဇဉ်မှာ
မာယာ မပါဘူး
အတ္တတွေ မထည့်ထားဘူး
ထိန်းချုပ်မှုကြိုးတွေနဲ့ မတုပ်နှောင်ထားဘူး
မြင့်တက်တာတဲ့ ဒီဂရီတစ်ခု
အတက်အကျတွေနဲ့ ရွေ့လျားလာနေလိုက်တာ
ရင်ဘက်တောင် ရောင်ကိုင်းလို့.............။

ချစ်သူရေ....
လွမ်းခန်းတွေထဲက ဒီလိုညဟာ
ညဥ့်ယံထဲက လူတစ်ယောက်ကို
ချောက်ခြားနေစေရဲ့...
နာရီသံတွေ တစ်ချက်ချက်နဲ့
မနက်ဖြန်ရောက်ဖို့
ငါအလွမ်းတွေကို သောက်သုံးနေဦးမယ်.....။

ချစ်သူရေ....
လွမ်းခန်းတွေထဲက ဒီလိုညဟာ
ညဥ့်ယံထဲက လူတစ်ယောက်ကို
ချောက်ခြားနေစေရဲ့...


ငါ့ ညမှာ ပြာရီသစ်ခွ ပွင့်မလား
ဒါမှမဟုတ် ကဗျာထဲက အလင်းတန်းတွေနဲ့
ဒီလိုညကို ထုဆစ်ရှင်သန်နေရမလား..........
ပုစ္ဆာတစ်ပုဒ်လို ငါ့ကို မမေးပါနဲ့
အပြစ်ကင်းစင်တဲ့ ချစ်သူရဲ့ မျက်နှာကို
ငေးကြည့်ချင်တာ ငါ့မှာအပြစ်ရှိပါရဲ့လား
ငါ့ ခံစားချက်ကို နားလည်ပေးပါ...။

ရစ်ဖွဲ့လာတဲ့ သံယောဇဉ်မှာ
မာယာ မပါဘူး
အတ္တတွေ မထည့်ထားဘူး
ထိန်းချုပ်မှုကြိုးတွေနဲ့ မတုပ်နှောင်ထားဘူး
မြင့်တက်တာတဲ့ ဒီဂရီတစ်ခု
အတက်အကျတွေနဲ့ ရွေ့လျားလာနေလိုက်တာ
ရင်ဘက်တောင် ရောင်ကိုင်းလို့.............။

ချစ်သူရေ....
လွမ်းခန်းတွေထဲက ဒီလိုညဟာ
ညဥ့်ယံထဲက လူတစ်ယောက်ကို
ချောက်ခြားနေစေရဲ့...
နာရီသံတွေ တစ်ချက်ချက်နဲ့
မနက်ဖြန်ရောက်ဖို့
ငါအလွမ်းတွေကို သောက်သုံးနေဦးမယ်.....။

Read More...

အသက်မဲ့သွားခဲ့တဲ့ မနက်ဖြန်တွေ

ဘာတဲ့... ငါက
သိက္ခာမရှိတဲ့ လုပ်ရပ်တွေကိုပဲ လုပ်နေတယ်တဲ့လား...
မီးတောက်မှန်းသိရက်နဲ့ ခုန်ချချင်ခဲ့တဲ့ကောင်
ရေမလိုပါဘူး...တစ်ခါတည်း ၀ါးမျိုပစ်လိုက်ပါ...။


ကောင်မလေးရေ.........
သံယောဇဉ် ရစ်ပတ်လွန်းလို့
ဖြစ်တည်လာတဲ့ ဒီအနာဂတ်မှာ
ရပ်တည်မှုတွေ မျိုးစုံနဲ့ပေါ့...
အလွမ်းတောတွေကို နင်းဖြတ်
ဝင်သက် ထွက်သက်နဲ့
ကျိန်စာတွေချည်း မိခဲ့တယ်.....။

ဟုတ်ပါသလား ကောင်မလေးရေ....
မင်းသေချာ စဉ်းစားပါ
ရစ်ဖွဲ့မှုဆိုတဲ့ ပြယုဒ်တစ်ခုကို ချည်ထုံးပြီး
အပြီသတ် အသေသတ်ခဲ့တာလား....
ချစ်ရက်နဲ့ နေတတ်ခဲ့သလား......
ငါ့မှာတော့
မင်းကျေနပ်ဖို့ ကြွေကျခဲ့ပါတယ်...။

ကောင်မလေးရေ........
ဒဏ္ဍာရီတစ်ပုဒ်လို မဖြစ်စေချင်ဘူး
ပုံပြင်တစ်ပုဒ်လို မကျန်ရစ်စေချင်ဘူး
ငါ အားလုံးကို ခ၀ါချခဲ့တဲ့ ကောင်ပါ....
ဖြစ်လာခဲ့တဲ့ ပြဿနာတိုင်းမှာ ငါ့အမှားချည်းပဲပေါ့
ဒါကို
သစ္စာနဲ့ လျော်ပေးမယ်ဆို ကျေအေးမှာလား...
ဖြစ်တည်လာတဲ့ ခံစားမှုတစ်ခုအတွက်ကော
မင်း.......... ဖြေတတ်ပါ့မလား.....။

ငါ့သိက္ခာ .. ငါ့မာန... ငါ့အတ္တတွေ
ဘယ်ပျောက်လို့ ဘယ်ရောက်မှန်း မသိခဲ့ဘူး..
ဘာတဲ့... ငါ့အချစ်က
စိတ်ဆင်းရဲမှုတွေပဲ မင်းကို ပေးနေတယ်လား...
ဘာတဲ့... ငါက
သိက္ခာမရှိတဲ့ လုပ်ရပ်တွေကိုပဲ လုပ်နေတယ်တဲ့လား...
မီးတောက်မှန်းသိရက်နဲ့ ခုန်ချချင်ခဲ့တဲ့ကောင်
ရေမလိုပါဘူး...တစ်ခါတည်း ၀ါးမျိုပစ်လိုက်ပါ...။

မင်းသိရဲ့လား....
ချစ်သူရဲ့ မျက်နှာကိုမြင်ဖို့
ချစ်သူရဲ့ စကားလုံးတွေကို ဖတ်ဖို့
ချစ်သူရဲ့ အပြုံးကို မှတ်ဖို့
ငါ့မှာ အင်အားတွေသုံးခဲ့ရတယ်...
မနက်ဖြန်ကို အသက်ဆက်ဖို့
အားဆေးတစ်ခွက်ကို ငံ့လင့်နေခဲ့တာပါ...
ဒါပေမယ့် ကောင်မလေးရေ....
တွေးတာနဲ့ တခြား
မင်းက ထားခဲ့လိုက်တယ်၊
ကဲ.......
ငါ့မနက်ဖြန်တွေ ဘာနဲ့ အသက်ဆက်ရမလဲ
ငါချစ်သလောက် မင်းမနှစ်သက်ဘူး....
ငါမြစ်မှာ မျက်ရည်တွေချည်းပဲ...
ငါ့ရက်တွေမှာ ဒဏ်ရာတွေချည်းပဲ...
ဖြေပါဦး ကောင်မလေးရေ..
ငါ့အနာဂတ်မှာ ဆည်ဆောက်ရဦးမလား...။

ဟုတ်ပြီလေ....
မင်း မနက်တွေ လှပဖို့
ငါ သစ္စာကို ပေးအပ်ခဲ့တာပဲ..
မင်းမယုံကြည်မှတော့
ဘာ အဓိပ္ပါယ် ရှိတော့မှာလဲ....
ငါ့ထွက်သက် အထိပေါ့
မင်း မကြိုက်တဲ့ အရာတွေအားလုံး
ငါ ဖျက်သိမ်းလိုက်တယ်...
ဒါဟာ မင်းအတွက် သတင်းကောင်းတစ်ပုဒ်ပေါ့...
social ဆန်စွာ တည်ဆောက်ခဲ့တဲ့
ငါ့ တော့ပ်လေး
ဘယ်တော့မှ မတက်တော့ဘူး
ချစ်သူမျက်နှာကို ကြည့်ချင်လွန်းလို့
ဖြစ်တည်လာတဲ့ Video ချက်လေး
ငါမတက်တော့ပါဘူးကွယ်....
ကဲ့......
ကျေနပ်ပြီလား ချစ်သူ....
ငါ ဘာများ ပေးဆပ်ရဦးမလဲ ကောင်မလေးရယ်....။

ချစ်သူက သံသယစကားလုံးတွေနဲ့ပစ်ပေါက်ပြီး
ကျောလှည့်ခဲ့တဲ့ အခါ
ငါ့ကမ္ဘာ့ဟာ တိမ်းမှောက်သွားခဲ့တယ်
ငါ့ညဟာ အဓိပ္ပါယ်မဲ့ခဲ့တယ်
ငါ့မနက်ဖြန်တွေ အသက်မဲ့ သွားခဲ့တယ်............။

ဘာတဲ့... ငါက
သိက္ခာမရှိတဲ့ လုပ်ရပ်တွေကိုပဲ လုပ်နေတယ်တဲ့လား...
မီးတောက်မှန်းသိရက်နဲ့ ခုန်ချချင်ခဲ့တဲ့ကောင်
ရေမလိုပါဘူး...တစ်ခါတည်း ၀ါးမျိုပစ်လိုက်ပါ...။


ကောင်မလေးရေ.........
သံယောဇဉ် ရစ်ပတ်လွန်းလို့
ဖြစ်တည်လာတဲ့ ဒီအနာဂတ်မှာ
ရပ်တည်မှုတွေ မျိုးစုံနဲ့ပေါ့...
အလွမ်းတောတွေကို နင်းဖြတ်
ဝင်သက် ထွက်သက်နဲ့
ကျိန်စာတွေချည်း မိခဲ့တယ်.....။

ဟုတ်ပါသလား ကောင်မလေးရေ....
မင်းသေချာ စဉ်းစားပါ
ရစ်ဖွဲ့မှုဆိုတဲ့ ပြယုဒ်တစ်ခုကို ချည်ထုံးပြီး
အပြီသတ် အသေသတ်ခဲ့တာလား....
ချစ်ရက်နဲ့ နေတတ်ခဲ့သလား......
ငါ့မှာတော့
မင်းကျေနပ်ဖို့ ကြွေကျခဲ့ပါတယ်...။

ကောင်မလေးရေ........
ဒဏ္ဍာရီတစ်ပုဒ်လို မဖြစ်စေချင်ဘူး
ပုံပြင်တစ်ပုဒ်လို မကျန်ရစ်စေချင်ဘူး
ငါ အားလုံးကို ခ၀ါချခဲ့တဲ့ ကောင်ပါ....
ဖြစ်လာခဲ့တဲ့ ပြဿနာတိုင်းမှာ ငါ့အမှားချည်းပဲပေါ့
ဒါကို
သစ္စာနဲ့ လျော်ပေးမယ်ဆို ကျေအေးမှာလား...
ဖြစ်တည်လာတဲ့ ခံစားမှုတစ်ခုအတွက်ကော
မင်း.......... ဖြေတတ်ပါ့မလား.....။

ငါ့သိက္ခာ .. ငါ့မာန... ငါ့အတ္တတွေ
ဘယ်ပျောက်လို့ ဘယ်ရောက်မှန်း မသိခဲ့ဘူး..
ဘာတဲ့... ငါ့အချစ်က
စိတ်ဆင်းရဲမှုတွေပဲ မင်းကို ပေးနေတယ်လား...
ဘာတဲ့... ငါက
သိက္ခာမရှိတဲ့ လုပ်ရပ်တွေကိုပဲ လုပ်နေတယ်တဲ့လား...
မီးတောက်မှန်းသိရက်နဲ့ ခုန်ချချင်ခဲ့တဲ့ကောင်
ရေမလိုပါဘူး...တစ်ခါတည်း ၀ါးမျိုပစ်လိုက်ပါ...။

မင်းသိရဲ့လား....
ချစ်သူရဲ့ မျက်နှာကိုမြင်ဖို့
ချစ်သူရဲ့ စကားလုံးတွေကို ဖတ်ဖို့
ချစ်သူရဲ့ အပြုံးကို မှတ်ဖို့
ငါ့မှာ အင်အားတွေသုံးခဲ့ရတယ်...
မနက်ဖြန်ကို အသက်ဆက်ဖို့
အားဆေးတစ်ခွက်ကို ငံ့လင့်နေခဲ့တာပါ...
ဒါပေမယ့် ကောင်မလေးရေ....
တွေးတာနဲ့ တခြား
မင်းက ထားခဲ့လိုက်တယ်၊
ကဲ.......
ငါ့မနက်ဖြန်တွေ ဘာနဲ့ အသက်ဆက်ရမလဲ
ငါချစ်သလောက် မင်းမနှစ်သက်ဘူး....
ငါမြစ်မှာ မျက်ရည်တွေချည်းပဲ...
ငါ့ရက်တွေမှာ ဒဏ်ရာတွေချည်းပဲ...
ဖြေပါဦး ကောင်မလေးရေ..
ငါ့အနာဂတ်မှာ ဆည်ဆောက်ရဦးမလား...။

ဟုတ်ပြီလေ....
မင်း မနက်တွေ လှပဖို့
ငါ သစ္စာကို ပေးအပ်ခဲ့တာပဲ..
မင်းမယုံကြည်မှတော့
ဘာ အဓိပ္ပါယ် ရှိတော့မှာလဲ....
ငါ့ထွက်သက် အထိပေါ့
မင်း မကြိုက်တဲ့ အရာတွေအားလုံး
ငါ ဖျက်သိမ်းလိုက်တယ်...
ဒါဟာ မင်းအတွက် သတင်းကောင်းတစ်ပုဒ်ပေါ့...
social ဆန်စွာ တည်ဆောက်ခဲ့တဲ့
ငါ့ တော့ပ်လေး
ဘယ်တော့မှ မတက်တော့ဘူး
ချစ်သူမျက်နှာကို ကြည့်ချင်လွန်းလို့
ဖြစ်တည်လာတဲ့ Video ချက်လေး
ငါမတက်တော့ပါဘူးကွယ်....
ကဲ့......
ကျေနပ်ပြီလား ချစ်သူ....
ငါ ဘာများ ပေးဆပ်ရဦးမလဲ ကောင်မလေးရယ်....။

ချစ်သူက သံသယစကားလုံးတွေနဲ့ပစ်ပေါက်ပြီး
ကျောလှည့်ခဲ့တဲ့ အခါ
ငါ့ကမ္ဘာ့ဟာ တိမ်းမှောက်သွားခဲ့တယ်
ငါ့ညဟာ အဓိပ္ပါယ်မဲ့ခဲ့တယ်
ငါ့မနက်ဖြန်တွေ အသက်မဲ့ သွားခဲ့တယ်............။

Read More...

ငါ... လူမိုက်

ငါ့ညကို ငါထုဆစ်ခဲ့တာ
ဒါပေမယ့် အလွမ်းချည်းပဲ

ကောင်မလေးရေ......
အစကတည်းက
ပွင့်လန်းမယ့်ပန်းတွေအကြောင်း....
အချစ်လမ်းနဲ့ ကမ်းတွေအကြောင်း .....
အဖြစ်ဆန်းတဲ့ စခန်းတွေအကြောင်း...
ဘာလို့ ငါ့ကို ပြောခဲ့သလဲ။
အခုတော့ အမြဲစိမ်းသစ်တောတွေပဲ ဝေဆာလို့.....
စခဲ့တဲ့ဇာတ်လမ်းမှာ
ငါ့ကို အစကတည်း ပြောပါလားဟာ..
အဲ့လောက် မပွင့်လန်းဖို့နဲ့
အဲ့လောက် အချစ်မဆန်းဖို့ အကြောင်းပေါ့။
အခုတော့ အချစ်...အချစ် ဆိုတာကိုတောင် မကဘဲ
ချစ်တယ် ချစ်တယ် ဆိုတာကိုတောင်
လှောင်ပြတယ်....
ရယ်ကြတယ်...
ကဲ.... ငါ ဘယ်လောက် ရှက်ရမလဲ။

ကောင်မလေးရေ.......
ဖြစ်နိုင်ရင် ငါ့အချစ်ကို မြိုမချနိုင်ရင်တောင်မှ
ထွေးမထုတ်ပါနဲ့။
င့ါကို အကြိမ်ကြိမ် ကစားခဲ့တာလေးကိုတော့
ပြန်ငဲ့ကြည့်ပေးပါ.....
အချိန်တွေ မလွန်ခင်ပေါ့..........။

ငါ့ညကို ငါထုဆစ်ခဲ့တာ
ဒါပေမယ့် အလွမ်းချည်းပဲ
အလွမ်းတိုင်းလည်း မလှပခဲ့သလို
လွမ်းတဲ့ညတိုင်းလည်း လမသာခဲ့ပါဘူး။
ချစ်လွန်းလို့ ရူးတာကိုတောင်မှ
ဟားတိုက် ခံရသေးတယ်။
ငါကိုယ်တိုင်က ကျောက်ရုပ်ကို
ချစ်ခဲ့မိတာလား.........သံယတွေဖြစ်လို့......။

ဇာတ်လမ်းအစကတော့ ရွက်ဖျင်တဲနဲ့ပဲ
သက်တမ်းကတော့ မကြာသေးဘူးပေါ့။
မျှော်လင့်ချက်လေးကလည်း တဖြတ်ဖြတ်နဲ့
လေထဲလွင့်နေတာလေ။
ခံစားချက်ကတော့ မိုးရေထဲ မျောပါနေတာ
ကြွေလွင့်ရွက်ဝါတိုင်းမှာ ရှိုက်သံတွေမြည်နေတာ
သတိထားမိလာတယ်။
ငါကိုယ်တိုင်လည်း သိသားပဲ
နင်ကိုယ်တိုင်ကတော့ သတိထားမိမလားပဲ
ဘာမှမဖြစ်သလိုနေတတ်တာကိုတော့ ချီးကျူးတယ်။

ငါ့အချစ်ကို တန်ဖိုးမထားတတ်တဲ့.......မင်း
ငါ့အပြစ်ကိုတော့ ရှာတတ်သားပဲ ။
"သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်"
ပြောခဲ့တဲ့ အဲ့ဒီပုဂ္ဂိုလ်ကိုလည်း ဒေါသထွက်မိတယ်။
ငါက မင်းရဲ့ ဘာမှမဟုတ်တဲ့ ကစားစရာ အရုပ်တစ်ရုပ်ပဲ။
ဖြစ်ပျက်တာတွေကို ပြန်မြင်တိုင်း
ချစ်ခဲ့တာက အဆိပ်အလားပဲ...။

ကျော်ကြားမှုကို အဲ့လောက်တောင် တပ်မက်လား
အဖော်တလွှားနဲ့ ပျော်ပါးနေချင်ရင်
မော်ကြွားဖို့တော့ မကောင်းဘူး
အဲ့ဒါ.....မင်းအတွက်
ဖော်ထားတဲ့ ဆေးတစ်ခွက်လည်း ဖြစ်ရင်ဖြစ်မှာပေါ့။

ငါ့ကို ဘေးလူလို့သဘောထားနေရင်
အစကတည်းက ဖေးကူဖို့လို့ ပြောထားပါလား
အခုတော့ သွေးပူအောင် ကစားပြီးမှ
မေ့မရသေးတဲ့ ရင်ခွင်ဟောင်းနဲ့
ရှေ့ဆက်မယ့် အနာဂတ်သားကောင်တစ်ယောက်အကြောင်း
ခဏခဏ ပြောပြမနေစမ်းပါနဲ့
ငါ့အတွက်တော့ ငါ့ဟာ လူမိုက်တစ်ယောက်ဖြစ်နေပြီ။

ငါ့ညကို ငါထုဆစ်ခဲ့တာ
ဒါပေမယ့် အလွမ်းချည်းပဲ

ကောင်မလေးရေ......
အစကတည်းက
ပွင့်လန်းမယ့်ပန်းတွေအကြောင်း....
အချစ်လမ်းနဲ့ ကမ်းတွေအကြောင်း .....
အဖြစ်ဆန်းတဲ့ စခန်းတွေအကြောင်း...
ဘာလို့ ငါ့ကို ပြောခဲ့သလဲ။
အခုတော့ အမြဲစိမ်းသစ်တောတွေပဲ ဝေဆာလို့.....
စခဲ့တဲ့ဇာတ်လမ်းမှာ
ငါ့ကို အစကတည်း ပြောပါလားဟာ..
အဲ့လောက် မပွင့်လန်းဖို့နဲ့
အဲ့လောက် အချစ်မဆန်းဖို့ အကြောင်းပေါ့။
အခုတော့ အချစ်...အချစ် ဆိုတာကိုတောင် မကဘဲ
ချစ်တယ် ချစ်တယ် ဆိုတာကိုတောင်
လှောင်ပြတယ်....
ရယ်ကြတယ်...
ကဲ.... ငါ ဘယ်လောက် ရှက်ရမလဲ။

ကောင်မလေးရေ.......
ဖြစ်နိုင်ရင် ငါ့အချစ်ကို မြိုမချနိုင်ရင်တောင်မှ
ထွေးမထုတ်ပါနဲ့။
င့ါကို အကြိမ်ကြိမ် ကစားခဲ့တာလေးကိုတော့
ပြန်ငဲ့ကြည့်ပေးပါ.....
အချိန်တွေ မလွန်ခင်ပေါ့..........။

ငါ့ညကို ငါထုဆစ်ခဲ့တာ
ဒါပေမယ့် အလွမ်းချည်းပဲ
အလွမ်းတိုင်းလည်း မလှပခဲ့သလို
လွမ်းတဲ့ညတိုင်းလည်း လမသာခဲ့ပါဘူး။
ချစ်လွန်းလို့ ရူးတာကိုတောင်မှ
ဟားတိုက် ခံရသေးတယ်။
ငါကိုယ်တိုင်က ကျောက်ရုပ်ကို
ချစ်ခဲ့မိတာလား.........သံယတွေဖြစ်လို့......။

ဇာတ်လမ်းအစကတော့ ရွက်ဖျင်တဲနဲ့ပဲ
သက်တမ်းကတော့ မကြာသေးဘူးပေါ့။
မျှော်လင့်ချက်လေးကလည်း တဖြတ်ဖြတ်နဲ့
လေထဲလွင့်နေတာလေ။
ခံစားချက်ကတော့ မိုးရေထဲ မျောပါနေတာ
ကြွေလွင့်ရွက်ဝါတိုင်းမှာ ရှိုက်သံတွေမြည်နေတာ
သတိထားမိလာတယ်။
ငါကိုယ်တိုင်လည်း သိသားပဲ
နင်ကိုယ်တိုင်ကတော့ သတိထားမိမလားပဲ
ဘာမှမဖြစ်သလိုနေတတ်တာကိုတော့ ချီးကျူးတယ်။

ငါ့အချစ်ကို တန်ဖိုးမထားတတ်တဲ့.......မင်း
ငါ့အပြစ်ကိုတော့ ရှာတတ်သားပဲ ။
"သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်"
ပြောခဲ့တဲ့ အဲ့ဒီပုဂ္ဂိုလ်ကိုလည်း ဒေါသထွက်မိတယ်။
ငါက မင်းရဲ့ ဘာမှမဟုတ်တဲ့ ကစားစရာ အရုပ်တစ်ရုပ်ပဲ။
ဖြစ်ပျက်တာတွေကို ပြန်မြင်တိုင်း
ချစ်ခဲ့တာက အဆိပ်အလားပဲ...။

ကျော်ကြားမှုကို အဲ့လောက်တောင် တပ်မက်လား
အဖော်တလွှားနဲ့ ပျော်ပါးနေချင်ရင်
မော်ကြွားဖို့တော့ မကောင်းဘူး
အဲ့ဒါ.....မင်းအတွက်
ဖော်ထားတဲ့ ဆေးတစ်ခွက်လည်း ဖြစ်ရင်ဖြစ်မှာပေါ့။

ငါ့ကို ဘေးလူလို့သဘောထားနေရင်
အစကတည်းက ဖေးကူဖို့လို့ ပြောထားပါလား
အခုတော့ သွေးပူအောင် ကစားပြီးမှ
မေ့မရသေးတဲ့ ရင်ခွင်ဟောင်းနဲ့
ရှေ့ဆက်မယ့် အနာဂတ်သားကောင်တစ်ယောက်အကြောင်း
ခဏခဏ ပြောပြမနေစမ်းပါနဲ့
ငါ့အတွက်တော့ ငါ့ဟာ လူမိုက်တစ်ယောက်ဖြစ်နေပြီ။

Read More...

အိပ်မက်နဲ့ ဘဝ

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်


တစ်နေ့နေ့ ဆိုတာကို
ပြက္ခဒိန်ထဲမှာ သေသေချာချာ
လက်ညှိုးထိုးပြလို့ မရမှန်းသိပေမယ့်
ငါတကယ်ကို မျှော်လင့်မိပါတယ်...။

မျှော်လင့်ချက်တွေ
တဖွဲဖွဲ ဆုတ်ခွာနေတဲ့
ငါ့အိပ်မက်ထဲမှာ
မင်းဟာ ငါ့ကို နောက်ဆုံးစွန့်ခွာမဲ့
နောက်ဆုံး မျှော်လင့်ချက်တစ်ခု များလားကွာ...။

မင်းသာ ငါ့ဘ၀ရဲ့
အိပ်မက်တစ်ခု ဖြစ်မယ်ဆိုရင်
တစ်သက်စာ မြင်မက်ချင်ပါတယ်
ချစ်သူ...။

တစ်ခုတော့ ပြောခဲ့မယ်ချစ်သူ
အိပ်မက်တွေနဲ့ အသက်ရှင်နေတဲ့
လူတစ်ယောက်ဟာ
အိပ်မက် မမက်တော့တဲ့ ညမှာ
သူ့ဘ၀ဟာ
ဆုံး....ခန်း....တိုင်.....ပါလိမ့်မယ်...။ ။


ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ ရင်ခတ်သံဟာ ခံစားချက်ရဲ့ မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်


တစ်နေ့နေ့ ဆိုတာကို
ပြက္ခဒိန်ထဲမှာ သေသေချာချာ
လက်ညှိုးထိုးပြလို့ မရမှန်းသိပေမယ့်
ငါတကယ်ကို မျှော်လင့်မိပါတယ်...။

မျှော်လင့်ချက်တွေ
တဖွဲဖွဲ ဆုတ်ခွာနေတဲ့
ငါ့အိပ်မက်ထဲမှာ
မင်းဟာ ငါ့ကို နောက်ဆုံးစွန့်ခွာမဲ့
နောက်ဆုံး မျှော်လင့်ချက်တစ်ခု များလားကွာ...။

မင်းသာ ငါ့ဘ၀ရဲ့
အိပ်မက်တစ်ခု ဖြစ်မယ်ဆိုရင်
တစ်သက်စာ မြင်မက်ချင်ပါတယ်
ချစ်သူ...။

တစ်ခုတော့ ပြောခဲ့မယ်ချစ်သူ
အိပ်မက်တွေနဲ့ အသက်ရှင်နေတဲ့
လူတစ်ယောက်ဟာ
အိပ်မက် မမက်တော့တဲ့ ညမှာ
သူ့ဘ၀ဟာ
ဆုံး....ခန်း....တိုင်.....ပါလိမ့်မယ်...။ ။


ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ ရင်ခတ်သံဟာ ခံစားချက်ရဲ့ မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

Read More...

Thursday, January 1, 2009

သွေးတွေ ချွေးတွေ ရင်းခဲ့ရတာ မဟုတ်ပေမယ့်
နှလုံးသားတစ်ခုလုံး ငုံ့ ကြည့်စရာမကျန်အောင်
အချစ်ဆိုတဲ့ ဝေါဟာရအဓိပ္ပါယ်ကို
မနူးမနပ် သင်အံခဲ့စဉ်က
ရင်ခုန်သံဆိုတဲ့ စကားကို
ခဏ ခဏ နေမြင့်ခဲ့ဖူးတယ် ။
အချစ်ဆိုတဲ့ ဝေါဟာရအဓိပ္ပါယ်ကို
နွေးနွေးထွေးထွေး နားလည်တတ်မြောက်ခဲ့တော့
ဒုက္ခဆိုတဲ့ တရားကို
နှုတ်က တဖွဖွ ရေရွတ်မိတယ် ။

မိုးပြိုမှာကို စိုးရိမ်ပူပန်နေစဉ်မှာပဲ
ကောင်းကင်တစ်ခုလုံး
တိတ်ဆိတ်စွာ ပြိုပျက်သွားခဲ့ရတာပါ
အစားမထိုးချင်ဘူး ချစ်သူရေ . . .
ကောင်းကင်အစအန ဖရိုဖရဲတွေကြားမှာပဲ
မျက်ရည်တို့ ပြိုလဲရင်းနဲ့
ဆွံ့အ တဲ့ သံစဉ်သီချင်းကို
တစ်ကိုယ်တည်း
ခပ်တိုးတိုးလေး ညည်းနေတော့မယ် ။

အခမ်းနားဆုံးနဲ့ အခိုင်မြဲဆုံးအချစ်တစ်ခုပဲ . . . လို့
မယိုင်မလဲနဲ့ ယုံကြည်ခဲ့ပေမယ့်
ငါ . . .
တိမ်တိုက်တွေရဲ့ ဖြစ်တည်မှုကို
ထာဝရ . . . လို့
ထင်မှတ်မှားခဲ့သူပါ ။

ချစ်သူက ပြောဖူးတယ်
ကောက်ရိုးတစ်မျှင် . . . တဲ့
သွေးရူးသွေးတမ်း ဆုပ်ကိုင်ခိုတွယ်ခဲ့ဖူးတဲ့
ကောက်ရိုးတစ်မျှင်ကို
အခုတော့မှ
မျောချင်ရာမျော
ဒရောသောပါး ဖြည်ချလိုက်တာ
အချစ်တဲ့လား . . .

တယုတယနဲ့ ထိတွေ့နမ်းရှိုက်နေတုန်း
လွတ်ကျကွဲရှသွားတဲ့
နံနက်ခင်းအစိတ်အပိုင်းတွေကိုပဲ
ရိုးဖြောင့်စွာနဲ့
နောက်တစ်ခေါက် မိုးသောက်စေချင်တယ်


မေ့ပစ်လိုက်ပါ . . . တဲ့
နှလုံးသားကို ခုန်အုပ်
ဖုန်မှုန့်တို့ ပေကျံခဲ့ဖူးတဲ့
အိပ်မက်တို့ရဲ့ အရိပ်အခက်တို့
အဆိပ်ခတ် လုပ်ကြံ
ငါ့ အာဝါသတွေ
မာနဆိုတဲ့ မီးနဲ့
ပြာချခံလိုက်ရပေမယ့်
နင့်ကို မေ့လိုက်ဖို့ဆိုတာ
မလွယ်ကူဆုံးပါ ချစ်သူ . . .

အချစ်ဆုံး . . . လို့
ရင်ထုမနာ ကြွေးကြော်နေတုန်းမှာပဲ
အိပ်မက်တွေကို
ဖျက်ဖြိုသွားခဲ့ပြီ

ကောက်ကွေ့တဲ့ မြစ်တစ်စင်းက မာယာဆိုရင်
ခြောက်သွေ့တဲ့ ချစ်ခြင်းနဲ့ ငါဟာ . . .
နောက်တစ်နေ့ရဲ့ ၀ပ်ကျင်းထဲမှာ
ဒဏ်ရာတွေကို
အခါခါ သာယာနေတော့မယ်

သစ္စာ . . . သစ္စာ
အဲဒီ့ သစ္စာကို ငါ့ဆီမှာတောင် မတွေ့ခဲ့ဖူးလို့
ရွက်လွှင့်ရှာဖွေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်
တွေ့မယ့်တွေ့တော့လည်း
တစ်ခြမ်းပွင့်ရင်ဘတ်ထဲမှာ

အလိမ်အညာ မုသာဝါဒကို
ဟန်ဆောင်မှုရဲ့ ချိုမြိန်ခြင်းအတုနဲ့
ဖုံးကွယ်ထိမ်ဝှက်ခဲ့တယ်လို့
ဘယ်တော့မှ မထင်ရက်ပါဘူး ကောင်မလေးရယ် . . .

သွေးတွေ ချွေးတွေ ရင်းခဲ့ရတာ မဟုတ်ပေမယ့်
နှလုံးသားတစ်ခုလုံး ငုံ့ ကြည့်စရာမကျန်အောင်
ရင်းခဲ့တာပါ
ယုံကြည်မှုတွေ ရင်းခဲ့
မျှော်လင့်ခြင်းတွေ ရင်းခဲ့ပေမယ့်
အားလုံးကို နင်းဖဲ့ ခြွေခဲ့သူ . . . . . . . . . . . .



ကြောင်းကျိုးမဲ့ ဆင်ခြင်အသိဥာဏ်တွေနဲ့
ငါ့ရဲ့
ခပ်ထူထူ နေမ၀င်အဘိဓာန်
ရာဇ၀င်ရိုင်းခဲ့ရပြီ
ငါကလည်း ချစ်မိတာကို . . .

လေထဲမှာ လွင့်မျောဖူးတဲ့ ဆည်းလည်းသံ
လျှပ်စစ်လိုင်းထဲက ဆည်းလည်းသံ
အခုတော့လည်း . . .
ငါမြတ်နိုးလွန်းတဲ့ ဆည်းလည်းသံလေး
ငါ့အတွက် (သီးသန့်) ဆွံ့အ ခဲ့ရပါပေါ့

ငါ့ကို သိမ်းသွင်းခဲ့တဲ့ ဆည်းလည်းသံချို
ငါ့ရင်ခုန်သံတွေကို သိမ်းပိုက်အပြီး
ငါ မသိမ်းဆည်းလိုက်နိုင်ခင်မှာပဲ
ငါ့ မျှော်လင့်ခြင်းတွေကိုပါ
သိမ်းကျုံးယူဆောင်သွားခဲ့ပြီ

လွှတ်လေ ဝေးလေ
လိုက်လေ ပြေး၏
မိန်းမဟူဘိ ထိုဣတ္ထိကား
မရှိမကောင်း ရှိမကောင်းတည်း
မပေါင်းလည်းခတ် ပေါင်းလည်းခတ်၏

လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်၏
အချစ်ဟူသည့် ထိုစိတ်အသိကား
မရှိမကောင်း ရှိမကောင်းတည်း
မပေါင်းလည်းခတ် ပေါင်းလည်းခတ်၏

ကောင်းသော မင်္ဂလာနံနက်ခင်းပါ ချစ်သူ
ငါတော့ . . .
အိပ်မက်ဆိုးတွေနဲ့ မနိုးနိုင်သေးတဲ့
မှုန်မှိုင်းမှိုင်း နံနက်ခင်းတွေနဲ့ပဲ
ထုံထိုင်းထိုင်း ရုန်းကန်ရင်း
လွမ်းနာကျနေရတော့မယ်

ဤတရားကို မည်သူစီရင်ခဲ့ပါသနည်း
ကံကြမ္မာ . . .
သူ . . .
ကျွန်တော် . . .
. . . . . . . . . . . . . . . . ။ ။

သွေးတွေ ချွေးတွေ ရင်းခဲ့ရတာ မဟုတ်ပေမယ့်
နှလုံးသားတစ်ခုလုံး ငုံ့ ကြည့်စရာမကျန်အောင်
အချစ်ဆိုတဲ့ ဝေါဟာရအဓိပ္ပါယ်ကို
မနူးမနပ် သင်အံခဲ့စဉ်က
ရင်ခုန်သံဆိုတဲ့ စကားကို
ခဏ ခဏ နေမြင့်ခဲ့ဖူးတယ် ။
အချစ်ဆိုတဲ့ ဝေါဟာရအဓိပ္ပါယ်ကို
နွေးနွေးထွေးထွေး နားလည်တတ်မြောက်ခဲ့တော့
ဒုက္ခဆိုတဲ့ တရားကို
နှုတ်က တဖွဖွ ရေရွတ်မိတယ် ။

မိုးပြိုမှာကို စိုးရိမ်ပူပန်နေစဉ်မှာပဲ
ကောင်းကင်တစ်ခုလုံး
တိတ်ဆိတ်စွာ ပြိုပျက်သွားခဲ့ရတာပါ
အစားမထိုးချင်ဘူး ချစ်သူရေ . . .
ကောင်းကင်အစအန ဖရိုဖရဲတွေကြားမှာပဲ
မျက်ရည်တို့ ပြိုလဲရင်းနဲ့
ဆွံ့အ တဲ့ သံစဉ်သီချင်းကို
တစ်ကိုယ်တည်း
ခပ်တိုးတိုးလေး ညည်းနေတော့မယ် ။

အခမ်းနားဆုံးနဲ့ အခိုင်မြဲဆုံးအချစ်တစ်ခုပဲ . . . လို့
မယိုင်မလဲနဲ့ ယုံကြည်ခဲ့ပေမယ့်
ငါ . . .
တိမ်တိုက်တွေရဲ့ ဖြစ်တည်မှုကို
ထာဝရ . . . လို့
ထင်မှတ်မှားခဲ့သူပါ ။

ချစ်သူက ပြောဖူးတယ်
ကောက်ရိုးတစ်မျှင် . . . တဲ့
သွေးရူးသွေးတမ်း ဆုပ်ကိုင်ခိုတွယ်ခဲ့ဖူးတဲ့
ကောက်ရိုးတစ်မျှင်ကို
အခုတော့မှ
မျောချင်ရာမျော
ဒရောသောပါး ဖြည်ချလိုက်တာ
အချစ်တဲ့လား . . .

တယုတယနဲ့ ထိတွေ့နမ်းရှိုက်နေတုန်း
လွတ်ကျကွဲရှသွားတဲ့
နံနက်ခင်းအစိတ်အပိုင်းတွေကိုပဲ
ရိုးဖြောင့်စွာနဲ့
နောက်တစ်ခေါက် မိုးသောက်စေချင်တယ်


မေ့ပစ်လိုက်ပါ . . . တဲ့
နှလုံးသားကို ခုန်အုပ်
ဖုန်မှုန့်တို့ ပေကျံခဲ့ဖူးတဲ့
အိပ်မက်တို့ရဲ့ အရိပ်အခက်တို့
အဆိပ်ခတ် လုပ်ကြံ
ငါ့ အာဝါသတွေ
မာနဆိုတဲ့ မီးနဲ့
ပြာချခံလိုက်ရပေမယ့်
နင့်ကို မေ့လိုက်ဖို့ဆိုတာ
မလွယ်ကူဆုံးပါ ချစ်သူ . . .

အချစ်ဆုံး . . . လို့
ရင်ထုမနာ ကြွေးကြော်နေတုန်းမှာပဲ
အိပ်မက်တွေကို
ဖျက်ဖြိုသွားခဲ့ပြီ

ကောက်ကွေ့တဲ့ မြစ်တစ်စင်းက မာယာဆိုရင်
ခြောက်သွေ့တဲ့ ချစ်ခြင်းနဲ့ ငါဟာ . . .
နောက်တစ်နေ့ရဲ့ ၀ပ်ကျင်းထဲမှာ
ဒဏ်ရာတွေကို
အခါခါ သာယာနေတော့မယ်

သစ္စာ . . . သစ္စာ
အဲဒီ့ သစ္စာကို ငါ့ဆီမှာတောင် မတွေ့ခဲ့ဖူးလို့
ရွက်လွှင့်ရှာဖွေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်
တွေ့မယ့်တွေ့တော့လည်း
တစ်ခြမ်းပွင့်ရင်ဘတ်ထဲမှာ

အလိမ်အညာ မုသာဝါဒကို
ဟန်ဆောင်မှုရဲ့ ချိုမြိန်ခြင်းအတုနဲ့
ဖုံးကွယ်ထိမ်ဝှက်ခဲ့တယ်လို့
ဘယ်တော့မှ မထင်ရက်ပါဘူး ကောင်မလေးရယ် . . .

သွေးတွေ ချွေးတွေ ရင်းခဲ့ရတာ မဟုတ်ပေမယ့်
နှလုံးသားတစ်ခုလုံး ငုံ့ ကြည့်စရာမကျန်အောင်
ရင်းခဲ့တာပါ
ယုံကြည်မှုတွေ ရင်းခဲ့
မျှော်လင့်ခြင်းတွေ ရင်းခဲ့ပေမယ့်
အားလုံးကို နင်းဖဲ့ ခြွေခဲ့သူ . . . . . . . . . . . .



ကြောင်းကျိုးမဲ့ ဆင်ခြင်အသိဥာဏ်တွေနဲ့
ငါ့ရဲ့
ခပ်ထူထူ နေမ၀င်အဘိဓာန်
ရာဇ၀င်ရိုင်းခဲ့ရပြီ
ငါကလည်း ချစ်မိတာကို . . .

လေထဲမှာ လွင့်မျောဖူးတဲ့ ဆည်းလည်းသံ
လျှပ်စစ်လိုင်းထဲက ဆည်းလည်းသံ
အခုတော့လည်း . . .
ငါမြတ်နိုးလွန်းတဲ့ ဆည်းလည်းသံလေး
ငါ့အတွက် (သီးသန့်) ဆွံ့အ ခဲ့ရပါပေါ့

ငါ့ကို သိမ်းသွင်းခဲ့တဲ့ ဆည်းလည်းသံချို
ငါ့ရင်ခုန်သံတွေကို သိမ်းပိုက်အပြီး
ငါ မသိမ်းဆည်းလိုက်နိုင်ခင်မှာပဲ
ငါ့ မျှော်လင့်ခြင်းတွေကိုပါ
သိမ်းကျုံးယူဆောင်သွားခဲ့ပြီ

လွှတ်လေ ဝေးလေ
လိုက်လေ ပြေး၏
မိန်းမဟူဘိ ထိုဣတ္ထိကား
မရှိမကောင်း ရှိမကောင်းတည်း
မပေါင်းလည်းခတ် ပေါင်းလည်းခတ်၏

လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်၏
အချစ်ဟူသည့် ထိုစိတ်အသိကား
မရှိမကောင်း ရှိမကောင်းတည်း
မပေါင်းလည်းခတ် ပေါင်းလည်းခတ်၏

ကောင်းသော မင်္ဂလာနံနက်ခင်းပါ ချစ်သူ
ငါတော့ . . .
အိပ်မက်ဆိုးတွေနဲ့ မနိုးနိုင်သေးတဲ့
မှုန်မှိုင်းမှိုင်း နံနက်ခင်းတွေနဲ့ပဲ
ထုံထိုင်းထိုင်း ရုန်းကန်ရင်း
လွမ်းနာကျနေရတော့မယ်

ဤတရားကို မည်သူစီရင်ခဲ့ပါသနည်း
ကံကြမ္မာ . . .
သူ . . .
ကျွန်တော် . . .
. . . . . . . . . . . . . . . . ။ ။

Read More...

စံတော်ချိန်

Hamster လေး ဗိုက်ဆာနေပါတယ်